မဇ္ဈိမ ။ ။နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ဇေယျာသီရိကုန်တိုက် မီးလောင်နေသည့် ဗီဒီယိုဖိုင် တစ်ခု Tik Tok တွင် ပျံ့နှံ့လျက်ရှိနေသည်။ ယင်းမှာ ၂၀၁၉ ခုနှစ်ကမီးလောင်ခဲ့သည့် ဖြစ်စဉ်သာဖြစ်သည်။
Tiktok တွင် "chantarrar" အမည်ရှိအကောင့်မှ ဧပြီလ ၁၅ ရက်နေ့က နေပြည်တော်ရှိ ဇေယျာသီရိကုန် တိုက်မီးလောင်နေသည့်ဗီဒီယိုဖိုင်ပေါ်တွင် “နေပြည်တော် ဇေယျာသီရိကုန်တိုက် မိချောရေ ပက်ဦး” ဟူ သည့် စာသားဖြင့် နောက်ခံသီချင်းပါဝင်သည့် ဗီဒီယိုဖိုင်အား ဖြန့်ဝေထားသည်။
ထိုဗီဒီယိုကို ကြိုက်နှစ်သက်သူ ၈,၀၀၀ ကျော်၊ မှတ်ချက်ပေးသူ ၂၅၀ ကျော်နှင့် ပြန်လည်မျှဝေသူ ၂၀၀ နီးပါးရှိနေသည်။ မှတ်ချက်ပြုသူများတွင် ယုံကြည်သူများရှိနေသကဲ့သို့ ယခင်ဗီဒီယိုဖိုင်အဟောင်းဖြစ် ကြောင်း မှတ်ချက်ပြုသူများလည်းရှိသည်။
မဇ္ဈိမမှ ယင်းအကြောင်းအရာနှင့်ပတ်သက်၍ အချက်အလက်စစ်ဆေးခဲ့ပြီး ၂၀၁၉ ခုနှစ်က ဖြစ်စဉ်ဖြစ် ကြောင်း တွေ့ရှိရသည်။
နေပြည်တော် ဇေယျာသီရိကုန်တိုက်သည် လွန်ခဲ့သည့် လေးနှစ် ၂၀၁၉ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တွင် ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူနှစ်ဦးရှိခဲ့သည်။
ထိုအကြောင်းကို သတင်းဌာနအသီးသီးတွင်ဖော်ပြခဲ့ကြပြီး လူမှုကွန်ရက်အသုံးပြုသူများကလည်း မီး လောင်သည့် ဗီဒီယိုဖိုင်များကို ဖြန့်ဝေခဲ့ကြသည်။
သတင်းဌာနများမှ ဖော်ပြသည့် သတင်းလင့် − https://bit.ly/3orlPNT, https://bit.ly/3ovRbmC, https://bit.ly/3URWf0I
ယခုနှစ်တွင် ထိုသို့မီးလောင်သည့်အကြောင်း မည်သည့်သတင်းဌာနတွင်မှ ဖော်ပြထားခြင်းမရှိပေ။
ထို့ကြောင့် နေပြည်တော် ဇေယျာသီရိကုန်တိုက်မီးလောင်သည်ဆိုခြင်းမှာ လွန်ခဲ့သည့်လေးနှစ်ကဖြစ် ပျက်ခဲ့သည့် ဗီဒီယိုဖိုင်ကို ပြန်လည်ဖြန့်ဝေထားသည့် သတင်းမှားသာဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ