ဒီးမော့ဆို အရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်းများ ကရင်နီပူးပေါင်းတပ်ဖွဲ့ သိမ်းဆည်း

By ဇာနည် (မဇ္ဈိမ)
19 April 2023
ဒီးမော့ဆို အရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်းများ ကရင်နီပူးပေါင်းတပ်ဖွဲ့ သိမ်းဆည်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန KnICက ထုတ်ပြန်သည်။ 

စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့သည် ဒီးမော့ဆိုမြို့နယ်တွင် ဧပြီလ ၁၆ ရက်မှဧပြီလ ၁၇ ရက်နေ့အထိ နှစ်ရက်တာ တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့ပြီး ယင်းတိုက်ပွဲအခြေအနေကို KnICက ယနေ့ ဧပြီလ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။

ကရင်နီပူးပေါင်းတပ်တွင် KA ၊ KNDF B/10 ၊ B/05၊ B/06 ၊ B/01 ၊ B/16 ၊B/15 ၊ KNDF ETD ၊ လွိုင်ကော် PDF တို့ပါဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့ထံမှ 
သိမ်းဆည်းရမိခဲ့သည့်  လက်နက်ခဲယမ်းများကို ဓာတ်ပုံမှတ်တမ်းများဖြင့် အသိပေးထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း
စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုအခြေအနေ အသေးစိတ်ကို အတည်မပြုနိုင် သေးကြောင်းလည်း KnlCထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်က တိုက်လေယာဉ်နှင့် လက်နက်ကြီးများ အဆမတန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကရင်နီတပ်မတော် KA မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရသည်ဟုဆိုသည်။

 စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်အတွင်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှု ဆက်တိုက်ပြုလုပ်လာပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲပြင်းထန်လျှက်ရှိကြောင်း မြေပြင်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များထံမှ သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ် ။   ။မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required