ကျောက်ဖြူ-ကူမင်းပိုက်လိုင်းမှတဆင့်  ရုရှားရေနံစိမ်းများ တရုတ်သို့ တင်ပို့ခဲ့ကြောင်း သတင်းများထွက်ပေါ်

19 April 2023
ကျောက်ဖြူ-ကူမင်းပိုက်လိုင်းမှတဆင့်  ရုရှားရေနံစိမ်းများ တရုတ်သို့ တင်ပို့ခဲ့ကြောင်း သတင်းများထွက်ပေါ်

ယူကရိန်းကို စစ်ဆင်မှုကြောင့် ကမ္ဘာ့နိုင်ငံတွေရဲ့ ပိတ်ဆို့မှုကို ရင်ဆိုင်နေရတဲ့  ရုရှားဟာ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှတဆင့် ကူမင်းမြို့သို့ သွယ်တန်းထားတဲ့ ပိုက်လိုင်း မှတဆင့် တရုတ်နိုင်ငံသို့ ရေနံတင်ပို့နေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။

ရုရှားကရေနံစိမ်းတွေ တရုတ်ကိုတင်ပို့ရာမှာ မြန်မာနိုင်ငံတဆင့်အသုံးပြုနေတယ်လို့ Energy Intelligence ဆိုတဲ့ စွမ်းအင်ဆိုင်ရာအွန်လိုင်းသတင်းကို ကိုးကားပြီး Myanmar Now သတင်းက ဖော်ပြပါတယ်။ 

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ လုပ်ရပ်ကြောင့် ဥရောပသမဂ္ဂ (EU) က ပိတ်ဆို့အရေးယူ ထားချိန် အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်းတဲ့ ရုရှားက မြန်မာကို အသုံးချပြီး ရေနံတင်ပို့မှု လမ်းကြောင်းသစ်ဖော်ထုတ်လာခြင်းဖြစ်ပါတယ်။

ရုရှားက  လိုက်ဘေးရီးယားမှာ မှတ်ပုံတင်ထားတဲ့ Leonid Loza အမည်ရသင်္ဘောဖြင့် ယခုလဆန်းပိုင်းမှာ ကျောက်ဖြူဆိပ်ကမ်းသို့ ရေနံစည်ပေါင်း ၁ သန်းကို ပို့ဆောင်ခဲ့တယ်လို့ Energy Intelligence က ဆိုထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် ရုရှားက မြန်မာမှတဆင့် တရုတ်နိုင်ငံသို့ ရေနံ စိမ်းများ တင်ပို့နေတာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly