စစ်ကောင်စီလက်အောက်ခံများ ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံကြရန်  ရန်ကုန်နှင့် မန္တလေးတွင် လှုံ့ဆော်စာများ ဖြန့်ကြဲ

By ရောင်နီ (မဇ္စျိမ)
19 April 2023
စစ်ကောင်စီလက်အောက်ခံများ ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံကြရန်  ရန်ကုန်နှင့် မန္တလေးတွင် လှုံ့ဆော်စာများ ဖြန့်ကြဲ

ရန်ကုန်နှင့် မန္တလေးမြို့ကြီးနှစ်မြို့ရှိ လူစည်ကားရာလမ်းမကြီးများပေါ်တွင် တော်လှန်ရေးအဖွဲ့ အစည်းများက နှစ်သစ်ကာလမြို့ပြတော်လှန်ရေးလှုပ်ရှားမှုတစ်ခုကို ယနေ့ ဧပြီလ ၁၉ ရက်တွင် ပြုလုပ် ခဲ့ကြသည်။

ပြည်သူ့ရင်ခွင်၏ “ဖရဲသီး” စီမံချက် ပိုမိုအောင်မြင်စေရန်ရည်ရွယ်ပြီး စစ်ကောင်စီတပ်နှင့် ရဲဝန်ထမ်းများ ကို ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံရန်နှင့် အမှန်တရားအတွက် ပြည်သူဖက်က ရပ်တည်ကြရန် လှုံဆော်စာ ၂,၀၀၀ ကျော်အား ဖြန့်ကြဲကာ လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“အမှန်တရားအတွက် တိတ်တဆိတ် ရုန်းထွက်” ၊ “အသိုက်မပျက် မိသားစုကို အန္တရာယ်မဖြစ်စေဘဲ ပြည်သူ့ဖက်ကရပ်တည်ပါ” ၊ “ဖရဲသီးရာသီ ရောက်ပြီ” ၊ “ဆုငွေနဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူလိုက်ပါ” စသည့် စာသားများကို ဖြန့်ကြဲခဲ့သည့် စာရွက်များပေါ်တွင် ရေးသားထားသည်။

အဆိုပါလှုပ်ရှားမှုကို People's Embrace (ပြည်သူ့ရင်ခွင်)က ဦးဆောင်စီစဉ်ခြင်းဖြစ်ပြီး မြိုပြတော်လှန် ရေး အင်အားစုများဖြစ်သည့် Kyimyindaing Networks (K.M.D18) နှင့် Mayangone Democratic Front (M.D.F) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly