နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၈ ဧပြီ ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၈ ဧပြီ ၂၀၂၃ ) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမကျေးရွာအခြေစိုက် အမှတ်(၂၁) ကာကွယ် ရေးပစ္စည်း စက်ရုံကို ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(စစ်ရုံးချုပ်)မှ ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။ 

  • ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၃ ခုနှစ် ဧပြီလ ၁၅ ရက် နေ့အထိ မြန်မာနိုင်ငံအဝှမ်းတွင် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရက်များကြောင့် အမျိုးသမီး ၆၃၇ ဦးနှင့် ကလေး သူငယ် ၃၉၆ ဦးသေဆုံးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီးလူငယ်နှင့်ကလေး သူငယ်ရေး ရာဝန်ကြီးဌာနမှ ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

  • ပြည်သူများလိုအပ်နေသည့် အခက်အခဲများ NUG အစိုးရကြုံတွေ့နေရသော အကျပ်အတည်းများကို ဒေသ တွင်း နိုင်ငံများမှတဆင့် ညှိနှိုင်းအဖြေရှာရန် အရေးကြီးကြောင်း ယာယီသမ္မတက အစိုးရအဖွဲ့အစည်း အဝေးတွင် ပြောသည်။ 

  • သွေးရူးသွေးတန်းဖြစ်နေသည့် စစ်ကောင်စီသည် မည်သည့်အရာကိုမှ မမြင်နိုင်တော့ဘဲ ၎င်းမှာရှိသည့် တစ်ခုတည်းသော အားကိုးရာ လေကြောင်းကနေ တဆင့်ပဲ အပြစ်မဲ့ ပြည်သူများကို အငြှိုးကြီးကြီးနှင့် တိုက်ခိုက်မှုများ ထပ်မံမကျူးလွန်လာနိုင်ကြောင်း ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းuကပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်၏ တာဝါတိုင်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေက တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်များပါ ရရှိခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ် က သတင်းထုတ်ပြန်လိုက်သည်။ 

  • အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊မန္တလေးတိုင်း၊ ရန်ကုန်တိုင်းတို့တွင်ရှိသည့် မြို့နယ်ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်း အဝေးကို ဧပြီ ၁၇ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ  

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် Dawei Defense Team - DDT တပ်ခွဲ(၃)၊ (ထားဝယ် -ပကဖ)ရဲဘော်များအဖွဲ့ စစ်ဆင်ရေးတစ်ခုအတွက်သွားလာစဉ် ပျူစောထီး အဖွဲ့နှင့်တွေ့ပြီး တိုက်ပွဲဖြစ်ခဲ့ ကြောင်းသိရသည်။ 

  • ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာအုပ်စုရှိ ဝိုင်းရွာနယ်မြေရဲစခန်းကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့မှဦးဆောင်၍ ပူးပေါင်းမဟာ မိတ်တပ်များမှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန် ဒဏ်ရာရခဲ့ ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်တောက်တဲ့မှ မဇ္ဈိမကိုပြောသည်။ 

  • ပဲခူးရိုးမရှိ စစ်ဘေးရှောင် ပြည်သူများကို မသင်းသင်းကြူ မှ IDPs Support Group သို့ ငွေကျပ် ၅၀၀၀၀ ပေးပို့၍ အစားအသောက်များ ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အခြေစိုက် အမှတ်(၅၃၄) ခြေမြန်တပ်ရင်း အတွင်း သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဧရာဝတီလင်းပိုင်မော်ကျွန်းအဖွဲ့က ယနေ့ ဧပြီလ ၁၈ ရက် နံနက်ပိုင်းက ထုတ်ပြန်ထားသည်။ 

  • နေပြည်တော် စစ်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာမြို့ရှိ စစ်ကောင်စီ၏ အေလာလေတပ်တွင် ဧပြီလ ၁၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း အေလာလေဆိပ်ဝန်ထမ်းနှင့် မြို့ခံများက မဇ္ဈိမကို အတည်ပြု ပြောသည်။ 

  • စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် ၊ ကံကြီးကုန်းကျေးရွာတွင် ရေကစားနေကြသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို လက်နက်ကြီးနှင့် ပစ်ခတ်ပြီး ဒရုန်းနှင့် ဗုံးကြဲခဲ့ကြောင်း မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း ၊ တပ်ခွဲ(၃) လျှပ်စီးတပ်ဖွဲ့မှ ဧပြီလ ၁၈ရက်နေ့တွင်ထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သော သူရဲကောင်း များနှင့် ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှ သေဆုံးခဲ့ရသူများအားရည်စူး၍ အညာပစ်တိုင်းထောင်လေး များအဖွဲ့မှဦးဆောင်ပြီး ရေစက်ချအမျှဝေခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရ သည်။ 

  • ဝက်လက်မြို့နယ်၊ အရာတော်မြို့နယ်နှင့် စစ်ကိုင်းမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ရေကစား မဏ္ဍပ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကြောင်း CDSOM တပ်ဖွဲ့ထံမှ သိရသည်။ 

  • မတ္တရာမြို့နယ် နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့၏ ၁ နှစ်ပြည့် အခမ်းအနားနှင့် ကျဆုံးရဲဘော်များ အား ဝမ်းနည်းခြင်း အထိမ်းအမှတ် အလေးပြုပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် အိမ်ထောင်စု ၁၄၅ စုကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့မှ ဆန်နှင့် ဆီများ လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်းလမ်းရှိ နေအိမ်တွင် မင်္ဂလာဒုံ လေတပ် စစ်လက်နက် ပစ္စည်းထောက်ပံ့ရေးတပ် (လပစ) တပ်မှူး/ ဌာနခွဲမှူ း ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်းနှင့် အပေါင်း အပါ ၂ ဦး ပစ်ခတ်ခံရ‌ပြီး သေဆုံးသွားကြောင်း သိရသည်။ 

  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပိုဝတောင်ရွာအတွင်း သင်္ကြန်ကာလ ဝင်ရောက်တပ်စွဲထားသော အ ကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျီးကန်ရွာကို အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဥ် ၁ စီးဖြင့် ပစ်ခတ်ပြီး လူချကာ ဝင်ရောက် စီးနင်းနေကြောင်း ဒေသပြည်သူများက ပြောသည်။ 

 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၁)နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်မှ စစ်မှုထမ်း ဟောင်းတစ်ဦးကို ဧပြီလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်စစ်ကောင်စီတပ်က ဖမ်းဆီးခေါ် ဆောင်သွားခဲ့ရာ ဧပြီလ ၁၈ ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း ၊ ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်မြို့နယ်ဘက်သို့ စစ်ကောင်စီတပ်များ တက်လာနေသဖြင့် ပြည်သူများ ခရီးသွားခြင်း ၊ တောထွက်ခြင်း များမပြုလုပ်ကြရန် Zomi Federal Union (ZFU)/PDF Zoland က ထုတ်ပြန်သည်။ 

  • အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်များနှင့် ဒေသခံများက မဇ္ဈိမကို အတည်ပြု ပြောသည်။ 

  • ကရင်ပြည်နယ်၊ ​မြဝတီမြို့၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊မဲကနယ်ထဲကို KNUယူနီဖောင်းဝတ်ပြီး ပုံမှားရိုက်သည့် အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး စစ်သားနှစ်ဦးသေကာ လက်နက်တွေရရှိခဲ့ကြောင်း VENOM Columnက ထုတ်ပြန်သည်။ 

  • ချင်းလွတ်မြောက်ရေး လှုပ်ရှားမှုသည် နွေဦးတော်လှန်ရေးနှင့် အတူ မိတ်ဖက်အင်အားစု ဖြစ်ပေါ်လာခြင်းသည် ကျွန်တော်တို့အတွက် အင်မတန် ခွန်အားရကြောင်း ယာယီသမ္မတက ပြောကြားသည်။ 

စစ်ကောင်စီ 

  • မန္တလေးကန်တော်ကြီးအတွင်းရေဝင်ရောက်မှုများ လျော့နည်းမှုမရှိ စေရေး ထိန်းသိမ်းရန် အကြမ်းဖက် မင်းအောင်လှိုင်က ဧပြီလ ၁၇ ရက်တွင် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS)သို့ သွားရောက် ကြည့်ရှုစစ်ဆေးစဉ် ပြောကြားလိုက်သည်။ 

  • သင်္ကြန်ကာလအတွင်း မြို့နယ်အချို့မှာ လျှပ်စစ်မီးကို ပုံမှန်ပေးပြီးနောက် ယနေ့ ဧပြီလ ၁၈ ရက်နေ့ကစပြီး တော့ ရန်ကုန်မြို့ တစ်မြို့လုံး တစ်နေ့ကို ၈ နာရီ မီးပြတ်တောက်မည်ဟု YESC ကထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ တွင်းသင်းဝန်ရပ်ကွက်ရှိ တံတားတစ်စင်းပေါ်တွင် သင်္ကြန်အတက်နေ့က ဆန္ဒပြသူ ၄ ဦး ဖမ်းဆီးပြီး နေအိမ်များကို ချိပ်ပိတ်လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။ 

ဧပြီ ၁၈ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီလက်ထက်တွင် လူ့အခွင့်အရေးများစွာချိုးဖောက်ခံနေရပြီး လွတ်လပ်စွာထုတ် ဖော်ပြော ဆိုခွင့်အရ ဆန္ဒပြရုံဖြင့် ဖမ်းခံရသည့်အပြင် နေအိမ်ချပ်ပိတ်သည့်အထိ အပြင်းအထန်ဖိနှိပ်နေသည်။ ယင်းအခြေအနေတွင် စစ်ကောင်စီ ပါးစပ်ကပြောနေသည့် လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲတို့ ဒီမိုကရေစီတို့သည်မှာ ဟန်ပြသက်သက် အလိမ်အညာပင်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ 

  • တော်လှန်ရေးအင်အားစုများ၏ ခုခံတော်လှန်စစ်သည် ယခုရက်ပိုင်း ပိုမိုပြင်းထန်လာသည်ကိုတွေ့သည်။ သို့သော် တော်လှန်ခုခံစစ် အဆက်မပြတ်ရန်လိုအပ်နေပြီး ပြည်သူများမှလည်း တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီရန် လိုအပ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly