အင်ဒီပန်းဒန့်အသင်းအတွက် လေ့ကျင့်ရေးကွင်းအသစ် အဂူရို ၀ယ်ယူပေး

အင်ဒီပန်းဒန့်အသင်းအတွက် လေ့ကျင့်ရေးကွင်းအသစ် အဂူရို ၀ယ်ယူပေး

မတ် ၂၄၊ အင်္ဂလန် ။              ။ မန်စီးတီးတိုက်စစ်မှူး အဂူရိုသည် ၎င်း၏ ငယ်မွေးခြံပေါက်ကလပ် အင်ဒီပန်းဒန့်အသင်းအတွက် လေ့ကျင့်ရေးကွင်းအသစ် ဝယ်ယူပေးခဲ့သည်။

အဂူရိုသည် အင်ဒီပန်းဒန့်အသင်းတွင်သာ ဘောလုံးသမားဘဝကုန်ဆုံးမည်ဟု ဆိုထားပြီး မန်စီးတီးနှင့် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် အာဂျင်တီးနားသို့ ပြန်မည်ဟု ပြောဆိုထားပြီး ဖြစ်သည်။

အသက် ၂၇ နှစ်အရွယ်ရှိ အဂူရိုနှင့် မန်စီးတီး၏ လက်ရှိစာချုပ်မှာ ၂၀၁၉ တွင် ကုန်ဆုံးမည် ဖြစ်ပြီး မန်ချက်စတာအသင်းဘက်မှ စာချုပ်သက်တမ်းတိုးနိုင်ရန် ကြိုးပမ်းနေသော်လည်း အာဂျင်တီးနားတိုက်စစ်မှူးက အမိနိုင်ငံသို့သာ ပြန်ရန် ဆန္ဒပြင်းပြလျက်ရှိသည်။

' သူတို့အတွက် ဘောလုံးကစားရင်း ကျွန်တော့်ရဲ့ဘောလုံးသမားဘဝကို ကုန်ဆုံးမယ်ဆိုတာ အင်ဒီပန်းဒန့်အသင်းရဲ့ ပရိသတ်တွေသိပါတယ်။ အသင်းကို ကူညီရတာ ဝမ်းသာစရာကောင်းပါတယ်' ဟု အဂူရိုက ပြောသည်။

အင်ဒီပန်းဒန့်အသင်းဥက္ကဋ္ဌ ဟူဂိုမိုယာနိုကလည်း 'ဒါက ကျွန်တော်တို့အတွက် အလွန်ကိုအရေးပါ ပါတယ်။ အင်ဒီပန်းဒန့်အသင်းရဲ့ သမိုင်းကြောင်းမှာ အဂူရိုကို အမြဲသိရှိအမှတ်ရနေကြမှာပါ' ဟု ပြောဆိုခဲ့သည်။

Ref: the sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly