လော်ရာမာရင်က စီရော်နယ်ဒိုထက် ပိုကျော်ကြားတဲ့ ဘောလုံးသမားလား

လော်ရာမာရင်က စီရော်နယ်ဒိုထက် ပိုကျော်ကြားတဲ့ ဘောလုံးသမားလား

မတ် ၂၄၊ အင်္ဂလန် ။              ။ ကမ္ဘာပေါ်မှာ စီရော်နယ်ဒိုထက် ပိုမိုထင်ရှား ကျော်ကြားတဲ့ ဘောလုံးသမားဆိုတာ ဘယ်သူများပါလဲ။ မက်ဆီလား။ ရွန်နီလား။ မိုဗစ်ချ်လား ဘယ်သူမှ မဟုတ်ပါဘူး။

သူမ နာမည်က လော်ရာမာရင်လို့ ခေါ်ပါတယ်။ လော်ရာမာရင်ဆိုတာ အဲဗာတန်အမျိုးသမီးအသင်းမှာ ကစားနေတဲ့ နယူးဇီလန်လက်ရွေးစင် ဘယ်နောက်ခံကစားသမားတစ်ဦးဖြစ်ပါတယ်။

သူမရဲ့ အလှအပကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ ဘောလုံးမယ်တစ်ဦးဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ နာမည်ကြီး သတင်းစာ the sun က လော်ရာမာရင်ရဲ့ လူမှုဝက်ဆိုက်ထဲက ပုံတွေကို ဖော်ပြပြီး ''ကမ္ဘာပေါ်မှာ စီရော်နယ်ဒိုထက် ပိုမိုထင်ရှားကျော်ကြားတဲ့ ဘောလုံးသမားလား'' ဆိုပြီး ခေါင်းစဉ်တပ်ခဲ့ရာကနေ လော်ရာတစ်ယောက် ပိုမိုလူသိများ နာမည်ကြီးလာခဲ့ပါတယ်။

လော်ရာရဲ့ ကမ်းခြေက ပုံတွေ၊ ကိုယ်ကာယလေ့ကျင့်နေတဲ့ပုံတွေနဲ့ ဘောလုံးကစားနေတဲ့ပုံတွေက ပရိသတ်တွေကို တကယ်ပဲ ဆွဲဆောင်နိုင်ခဲ့ပါတယ်။

စီရော်နယ်ဒိုထက် ကျော်ကြားလား၊ မကျော်ကြားလားဆိုတာ မသေချာပေမယ့် လော်ရာက ဘောလုံးနတ်သမီးတစ်ပါးဆိုတာတော့ သေချာပါတယ်။

Ref: the sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly