မဇ္ဈိမ။ ။မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမကျေးရွာအခြေစိုက် အမှတ်(၂၁) ကာကွယ် ရေးပစ္စည်းစက်ရုံကို ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(စစ်ရုံးချုပ်)မှ ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင်ထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်းနှင့် ဒေသခံတပ်ရင်းများ ပူးပေါင်း ကာ ရှော့တိုက်ဒုန်းများ၊ Rocket များဖြင့် ဧပြီလ ၁၆ ရက်နေ့ ညနေပိုင်းက အချိန်တစ်နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုကြောင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့် အဆောက်အဦးအတွင်းသို့ ကျရောက်ပေါက်ကွဲ ခဲ့ပြီး ထုတ်လုပ်ရေးစက်ရုံပျက်စီးကာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဆိုသည်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ (အနည်းငယ်) ရခဲ့ပြီး အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(စစ်ရုံးချုပ်) ၏ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။
စာတည်း။ ။စောဖေ