လောင်းလုံးတွင် ပျူစောထီးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

By ကိုရွှေမြိတ်
18 April 2023
လောင်းလုံးတွင် ပျူစောထီးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် Dawei Defense Team - DDT တပ်ခွဲ(၃)၊ (ထားဝယ်-ပကဖ)ရဲဘော်များအဖွဲ့ စစ်ဆင်ရေးတစ်ခုအတွက်သွားလာစဉ် ပျူစောထီး အဖွဲ့နှင့်တွေ့ပြီး တိုက်ပွဲဖြစ်ခဲ့ကြောင်းသိရသည်။

ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက လောင်းလုံးမြို့နယ်ရှိ လမ်းပိုင်း တနေရာ၌ ပျူစောထီးအဖွဲ့နှင့်အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“ ကျွန်တော်တို့ အခြားတာဝန်တစ်ခုနဲ့သွားချိန် ပျူတွေရှိတဲ့အိမ်နား ဖြတ်သွားမိလို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်” ဟု Dawei Defense Team - DDT တပ်ခွဲ(၃)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပျူစောထီးအဖွဲ့ခေါင်းဆောင် မင်းသိန်းအပါဝင်ငါးဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ကြား ပစ်ခတ် ခဲ့ကြခြင်းဟု DDT အဖွဲ့မှ သိရသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထိခိုက်မှုမရှိကြောင်းပြောဆိုထားပြီး ပျူစောထီးအဖွဲ့ဘက်မှ ထိခိုက်မှုကိုလည်း လတ်တလောမသိရသေးဟု ယင်းအဖွဲ့က ဆိုသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly