ယင်းမာပင်မြို့ပေါ် ရှိ စစ်ကောင်စီတပ်စခန်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်

By လွှမ်းမိုး (မဇ္ဈိမ)
18 April 2023
ယင်းမာပင်မြို့ပေါ် ရှိ စစ်ကောင်စီတပ်စခန်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်တွင် အခြေစိုက်တပ်စွဲလျက်ရှိသော စစ်ကောင်စီတပ်စခန်းများ ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းတိုးနယား တပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်သားများ အခြေစိုက်တပ်စွဲလျက်ရှိသော မြို့နယ်ရဲစခန်း ၊ ဥယျာဉ်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးတို့ကို ဧပြီလ ၁၆ ရက်နေ့ နံနက် ၁ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ် သည်။

“ ၉၀ မမ၊ ၈၀ မမ ၊ ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့အတူ ကာပစ်လက်နက်ငယ်တွေ၊ တစ်ဖက်ပွင့် မိုင်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ် ” ဟု ချင်းတွင်းတိုးနယားတပ်ဖွဲ့မှ ကိုမြကြီးက ဆိုသည်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုကြာချိန် တစ်နာရီခန့်ရှိခဲ့ပြီး စစ်ကောင်စီတပ်သားများသေဆုံးမှုကို အသေးစိတ်မသိရသေးကြောင်း ၎င်းကပြောသည်။

ထိုတိုက်ခိုက်မှုကို ချင်းတွင်းတိုးနယား ၊ Real Hero ၊ S.B.T.F၊ Black Shadow ၊ ဒေါင်းမင်း ၊ MRDA တပ်ခွဲ ၊ S.P.D.F ဇာနီသွေး ၊ Monywa inventor ၊ Black joker ၊ Jungle Hunter Revolution Force နှင့် ဒေသခံ ညီနောင်မဟာမိတ်တပ်ဖွဲ့များပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းများကိုဝင်ရောက်ပစ်ခတ်မှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ပစ်ခတ် မှုတွင် စစ်ကောင်စီတပ်စခန်း အဆောက်အဦးများ လက်နက်ကြီးထိမှန်ကာ ပျက်စီးမှုများရှိခဲ့ကြောင်း သိရ သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required