နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၇ ဧပြီ ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၇ ဧပြီ ၂၀၂၃ ) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အကြမ်းဖက်စစ်ကောင်စီ၏ ကျောက်ထု လေတပ်၊ အမြှောက်တပ်၊ ကပစ(၂၃) နှင့် ကျောက်ထု မြို့နယ်ရဲ စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) က ရှော့တိုက်ဒုန်းနှင့် Rocket များ အသုံးပြုပြီး တိုက်ခိုက် ခဲ့သည့် ရုပ်သံဖိုင်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မှာရှိသည့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၁၅/၂၀၂၃)ကို ဧပြီ ၁၆ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ  

  • နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အဆင့်မြင့်ဈေး ဘဏ်များလမ်း၊ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ ရတနာဘဏ် အကျော်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲကင်းဂိတ်ကို ယနေ့ ဧပြီလ ၁၆ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်သည်။ 

  • တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ ရှမ်းကိုးရွာဒေသရှိ ဆိတ်ဖူးကျေးရွာတွင် ပျူစောထီး အဖွဲ့ဝင်နှစ်ဦးကို ကော့သောင်းမြို့နယ်(ပကဖ)အဖွဲ့က သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရ သည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုနားရပ်ကွက်ရှိ မြို့မရဲစခန်း၌ ယမန်နေ့ ဧပြီလ ၁၆ ရက် ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ 

  • ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်အခြေစိုက် အမှတ်(၅၁) ခြေလျင်တပ်ရင်းအား တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟင်္သာတခရိုင်တပ်ရင်းက ထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေသမှကျေးရွာ တစ်ရွာ၏ ၅/လက်ပံတောင်း သပိတ်စစ်ကြောင်းသည် စစ်ကောင်စီ၏ သကြန်ပွဲအားဆန့်ကျင်၍ "တော်လှန်သင်္ကြန် တို့ဆင်နွှဲ၊ စစ်ကောင်စီကို ပုန်ကန်ဆဲ"စာသားကို ကိုင်စွဲကာ ဧပြီလ ၁၆ ရက်နေ့ ညပိုင်းက ဆန္ဒပြခဲ့ကြသည်။ 

  • ချောင်းဦးမြို့နယ် လူငယ် အင်အားစု သပိတ် ကော်မတီမှ ဦးဆောင်ကာ သံချပ်ထိုး၍ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • တန့်ဆည်မြို့နယ် ပင်မ သပိတ် စစ်ကြောင်းနှင့် WAB အဖွဲ့ဝင် အချို့တို့ ပူးပေါင်းကာ ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် "နှစ်ဆန်း ၁ ရက် Gunနဲ့တက် စစ်ခွေးခေါင်းတွေအကုန်ပြတ်" စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ရွှေဘိုမြို့နယ် အတွင်းရှိ ကျေးရွာ တစ်ရွာမှ စစ်ဘေးရှောင် အိမ်ထောင်စု ၁၅၈ စု အတွက် S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ မှ ဆန်နှင့် ဆီများသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • ယင်းမာပင်မြို့နယ် မြောက်ခြမ်း ကျေးရွာများ လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ခလရ ၂၅၈ နှင့် ၂၅၆ တပ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာ ပြင်းထန်စွာရရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။ 

  • ပွင့်ဖြူမြို့နယ်တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၇ ရက်နေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • မကွေးတိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ငွေစက္ကူ ရိုက်ထုတ်သည့် ဝါဇီစက်ရုံနှင့် ကပစ စက်ရုံ တို့ကို ဧပြီလ ၁၆ ရက်နေ့တွင် ရှော့တိုက်ဒုံး ၅ လုံးပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း Black Hawk Seinkphyu Revolution Front အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ 

  • ဂျပန်နိုင်ငံ၊ ကိုဘေးမြို့ Kobe chiritsu futabagakusha တွင် ဧပြီလ ၁၆ ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့သော ‌ထောက်ပို့တော်လှန်နွေဦးသင်္ကြန်ပွဲကို မြန်မာလူမျိုး ၂,၅၀၀ ကျော်နှင့် ဂျပန်လူမျိုး ၃၀၀ ကျော် တက်ရောက်ခဲ့ ကြောင်း သိရသည်။ 

  • ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ်တွင် ဗကသ ကျောင်းသားများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် "လွတ်လပ်ခွင့်နှင့် ငြိမ်းချမ်းရေး အတွက်ရည် အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည်" စာတန်းချိတ်ဆွဲပြီး အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ရန်ကုန်တွင် တော်လှန် လူငယ်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် "ဘာသာလူမျိုးမခွဲခြား မြန်မာနိုင်ငံသား" ခေါင်းစဉ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကန့်ဘလူ ပြည်သူ ၁၀၀ ကျော် သေဆုံးမှု အပေါ် ဩစတြေးလျရောက် မြန်မာနိုင်ငံသားများက ကန့်ကွက် ဆန္ဒပြကြကြောင်း သိရှိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေများ၌ မတ်လအတွင်း တိုက်ပွဲအကြိမ်ရေ (၃၇၃) ကြိမ် ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟိုဌာနချုပ်က ဧပြီလ ၁၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ 

  • ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနားကို ယနေ့ (ဧပြီ ၁၇ရက်)တွင် ကရင်ပြည်နယ် KNU/KNLA တပ်မဟာ ၅နယ်မြေရှိ အမှတ်(၁၀၇)စစ်ဒေသနှင့် ရှမ်းမြောက် အမှတ်(၂၀၃)စစ်ဒေသတို့တွင် တချိန်တည်း ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ 

  • ရှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်နှင့် ဝမ်ဆင်းဒေသတဝိုက်မှာ ရှမ်းလက်နက်ကိုင် ၂ဖွဲ့ဖြစ်သည့် SSPP နှင့် RCSS တို့ တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများပြောဆိုချက်ကို ကိုးကား၍ မဲခေါင်သတင်းတွင် ဖော်ပြထား သည်။ 

  • စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးမှာ မဟာမိတ်များနှင့် အတူတကွ အစွမ်းကုန် ပါဝင်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် PNDF-KK က တပ်ဖွဲ့ ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်မှာ ထုတ်ပြန်ခဲ့သည်။ 

  • ချင်းပြည်နယ်၊ မင်းတပ်၊ ပန်းပါရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၄ နှစ်အရွယ် ကလေး ငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးကြောင်း CDF -Mindat မှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။ 

  • ကယားပြည်နယ်၊ လွိုင်ကော်တွင် စစ်ကောင်စီ ဗဟိုမဏ္ဍပ်ကို ဧပြီလ ၁၅ ရက် နေ့ ဒရုန်းဖြင့် ဗုံးကျဲခံရမှုအပေါ် စစ်ကောင်စီက စစ်ဘေးရှောင်များကို လက် နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်များဖြင့် လက် တုံ့ပြန် သဖြင့် ပြည်သူ တချို့ဒဏ်ရာရရှိကြောင်း ကရင်နီပြည်နယ် သတင်းရင်းမြစ် Karenni Generation Youth ထံမှ သိရှိရသည်။ 

စစ်ကောင်စီ 

  • မြန်မာနှစ်သစ်အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံ နေရသော အကျဉ်းသား၊ အကျဉ်းသူ ၃၀၁၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း အာဏာ သိမ်းစစ်ကောင် စီက ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ 

  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်တို့နှင့် အတူ ထောင် ၃ နှစ် ချခံထားရသည့် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းမှာ ယနေ့တွင် ရမည်းသင်းအ ကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာမည်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။ 

  • စီးပွားရေး အကျပ်အတည်းများ ရှိခဲ့သော်လည်း ယခုနှစ်အတွင်း တိုင်းပြည်စီးပွားရေးမှာ ပိုမိုကောင်းမွန်လာ မည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်း ပြောသည်။ 

  • ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၊အကျဉ်းသူ ၂၀၀ ကျော် ပါဝင်ကြောင်း အဆိုပါအကျဉ်းထောင်က သိရသည်။ 

  • အင်းစိန်ဗဟို အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် သီရိလင်္ကာနိုင်ငံသား ၅ ဦးကို ပြစ်ဒဏ်များ လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ယနေ့ ဧပြီလ (၁၇)ရက် တွင် အကြမ်းဖက်စစ်ကောင်စီမှ ထုတ်ပြန်ကြေညာသည်။ 

  • မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျိုက္ကော် (သုဝဏ္ဏဝတီမြို့)၊ သိမ်ဆိပ်ကျေးရွာရှိ သိမ်ဆိပ်ရဲစခန်း အား ယနေ့ ဧပြီလ ၁၇ ရက် နံနက်၁၀ နာရီ ၁၅ မိနစ်အချိန်တွင် KNLA ပူးပေါင်းတပ်ဖွဲ့ကသွားရောက် တိုက်ခိုက်ခဲ့ရာ စခန်းမှူး ထိခိုက်ဒဏ်ရာရပြီး ရဲလေးဦးသေဆုံးခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ မြိတ်နှင့် ထားဝယ်မြို့နယ်တို့ရှိ အကျဉ်ထောင်များမှ ယနေ့ ဧပြီ ၁၇ ရက်တွင် အကျဉ်းသား/ သူ ၆၀ ဦးကျော်ကိုလွတ်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသားတစ်ဦးမှ မပါဝင်ခဲ့ကြောင်း သတင်းရရှိသည်။ 

  • ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်းရှိ အရာရှိတစ်ဦး၏နေအိမ် ယမန်နေ့ ဧပြီလ ၁၆ ရက် ည ၇ နာရီ ၃၀ မိနစ်ခန့်က ဓားပြတိုက်ခံခဲ့ရကြောင်း တပ်တွင်းသတင်းရင်းမြစ် များထံမှ သိရသည်။ 

ဧပြီ ၁၇ ရက် သုံးသပ်ချက် 

  • သင်္ကြန်ရက်ပိုင်းတွင်း စစ်ကောင်စီသတင်းစာနှင့်ရုပ်သံများတွင် ပျောက်ချက်သားကောင်းနေသည့် အကြမ်းဖက်မင်းအောင်လှိုင်သည် နှစ်ဆန်းတစ်ရက်တွင် အခုနှစ်သည် စီးပွားရေးကောင်းမွန်လာ မည့်နှစ်ဟု ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုပြန်သည်။ 

  • တိုက်ပွဲများနေ့စဉ်လိုလိုရှိနေသည့် ချင်းပြည်နယ်၊စစ်ကိုင်း၊မကွေး၊ကရင်နီ၊မွန်ပြည်နယ်၊ ကရင်ပြည်နယ် များတွင် ရရှိထားသည့် အချက်အလက်များအရ စစ်ကောင်စီ စိုးမိုးနယ်မြေ လျော့နည်းလာသည် ကိုတွေ့ ရသည်။ပဲခူးအရှေ့ခြမ်းတွင်လည်း စစ်ဖြစ်ပွားရာ နယ်မြေကျယ်ပြန့်လာသလို ဧရာဝတီတိုင်းတချို့ နယ်မြေများတွင် ပျောက်ကြားတော်လှန်ရေးများ စတင်လာသည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly