ခမောက်ကြီးမြို့ ဆိတ်ဖူးကျေးရွာမှ ဒေသခံ ၃၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်

By ကိုရွှေမြိတ် (မဇ္ဈိမ)
17 April 2023
ခမောက်ကြီးမြို့ ဆိတ်ဖူးကျေးရွာမှ ဒေသခံ ၃၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ဆိတ်ဖူးကျေးရွာတွင် ယမန်နေ့ ဧပြီလ ၁၆ ရက် ညနေပိုင်းက သေနတ်သံများထွက်ပေါ်လာခြင်းကြောင့် ရွာခံ ၃၀၀ နီးပါး ထိုင်းနိုင်ငံဘက် သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

ဆိတ်ဖူးရွာရှိ ကလေးငယ်များအပါဝင် ဒေသခံ ၃၀၀ နီးပါးသည် ဧပြီလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ပစ် ခတ်သံများထွက်ပေါ်လာသည့်အတွက် ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ကရဘုရီမြို့သို့ စက်လှေဖြင့် ထွက်ပြေး ခဲ့ရသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ပစ်ခတ်သည့် အတွက် ပစ်ခတ်သံများ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု သိရပြီး ပစ်ခတ်မှုအသေးစိတ်ကို မသိရသေးပေ။

“မနေ့ကရွာမှာ တိုက်ပွဲဖြစ်တဲ့ပုံစံမျိုးဖြစ်သွားတော့ အားလုံးကကြောက်ပြီး ထိုင်းနိုင်ငံထဲကို ထွက်ပြေးခဲ့ တာဖြစ်ပါတယ်၊ အခုတော့ နေအိမ်ကို ပြန်ရောက်နေပြီ”ဟု ဆိတ်ဖူးရွာခံ တစ်ဦးကပြောသည်။

ထိုသို့ ထွက်ပြေး တိမ်းရှောင်လာသည့် ဒုက္ခသည် ၃၀၀ နီးပါးကို ထိုင်းနိုင်ငံဘက်ခြမ်းရှိ ဒေသအာဏာပိုင် တာဝန်ရှိသူများက လက်ခံကူညီပေးထားပြီး ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် မြန်မာဖက်၌ အခြေအနေများ တည်ငြိမ်နေ၍ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ထိုင်းစစ်တပ်၊ အမှတ်(၂၅)ခြေလျင်တပ်ရင်း အထူးတပ်ဖွဲ့ ၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြချက်အရ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#နင်္သာရီတိုင်း

#ခမောက်ကြီးမြို့

#ဆိတ်ဖူးကျေးရွာ

#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly