ရမည်းသင်းအကျဉ်းထောင်မှ ၁၅ ဦးခန့်ပြန်လွတ်၊ နိုင်ငံရေးအကျဉ်းသား ၂ ဦးသာ ပါဝင်

By 001 (မဇ္စျိမ)
17 April 2023
ရမည်းသင်းအကျဉ်းထောင်မှ ၁၅ ဦးခန့်ပြန်လွတ်၊ နိုင်ငံရေးအကျဉ်းသား ၂ ဦးသာ ပါဝင်

စစ်ကောင်စီ၏ လွတ်ငြိမ်း ၃၀၀၀ ကျော်စာရင်းတွင် ရမည်းသင်းအကျဉ်းထောင်မှ ၁၅ ဦးခန့် ပြန် လည်လွတ်မြောက်လာပြီး ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသား နှစ်ဦးသာပါဝင်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးမှာ NLD အစိုးရလက်ထက် စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် လယ်ဝေးမြို့နယ်မှ အသက် ၇၈ နှစ်ဝန်းကျင်အရွယ် ဦးသက်တင်တို့ဖြစ်ကြောင်း ရမည်းသင်းအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးကပြော သည်။

စီမံ၊ဘဏ္ဍာနှင့်စက်မှုဝန်ကြီးဟောင်း ဦးကျော်ဝင်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့်အတူ ပူးတွဲစွဲဆိုခံရသည့် နိုင်ငံတော်လျှို့ဝှက်ဉပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ် ခံထားရခြင်းဖြစ်သည်။

ဦးသက်တင်မှာ ဂျင်ကလိကဲ့သို့ လက်နက်များပြုလုပ်ရာတွင် အားပေးသည်ဟုဆိုပြီး စွဲဆိုထားသည့် လက်နက်မှု ပုဒ်မ ၁၉(စ)အပါအဝင် ပုဒ်မနှစ်ခုဖြင့် စစ်ကောင်စီတရားရုံးက ထောင်ဒဏ် သုံးနှစ် တပေါင်း တည်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခု ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား နှစ်ဦးစလုံးမှာ လွတ်ရက်နီးနေသူများဖြစ် ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ရမည်းသင်းအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ ၁၅ ဦးခန့်တွင် မူးယစ်ဆေးဝါးအမှု ပုဒ်မ ၁၆(ဂ) အမှုများလည်း ပါဝင်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ကလည်း စစ်ကောင်စီက ရမည်းသင်းအကျဉ်းထောင်မှ အကျဉ်းသား ၂၇၄ ဦးကို လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၅၂ ဦးသာ ပါဝင်ခဲ့သည်။

ရမည်းသင်းအကျဉ်းထောင်ရှိ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ စီမံ၊ ဘဏ္ဍာနှင့် စက်မှု ဒုဝန်ကြီး ဦးဆက်အောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဝန် ကြီး ဦးမင်းသူ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအရာရှိ ဦးအောင်နိုင်ဦး၊ အနီးကပ်လုံခြုံရေး ဒုရဲအုပ် ချယ်ရီထက်နှင့် ရဲအုပ်ပြည့်ဖြိုးနိုင်တို့မှာ ပြန်လည်လွတ်မြောက်လာခြင်းမရှိ ကြောင်း သိရသည်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းအရ ၂၀၂၁ ခုနှစ် အာဏာသိမ်း ချိန်မှ ၂၀၂၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၁,၃၄၈ ဦးရှိပြီး ထိုအထဲမှ ၁၇,၄၆၀ ဦးမှာ ဆက်လက် ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ရမည်းသင်းအကျဉ်းထောင်

#နိုင်ငံရေးအကျဉ်းသား

#လွတ်ငြိမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly