နတ်တလင်းမြို့တွင် မှုခင်းရှုထောင့်အဖွဲ့ဝင် ရာအိမ်မှူး ပစ်ခတ်ခံရ

By ရွှေနွယ် (မဇ္ဈိမ)
17 April 2023
နတ်တလင်းမြို့တွင် မှုခင်းရှုထောင့်အဖွဲ့ဝင် ရာအိမ်မှူး ပစ်ခတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ် လယ်မအင်းအုပ်စု၊ တောင်ညိုလေးရွာ၏ ရာအိမ်မှူး ဦးဌေးလွင်အား သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၄) MRF-Nattalin မှ ဧပြီလ ၁၅ ရက်နေ့ ညနေ ပိုင်းကပစ်ခတ်ခဲ့သည်ဟု နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မဇ္ဈိမအားသတင်းပေး ပို့သည်။

ပစ်ခတ်ခံရသူ ဦးဌေးလွင်သည် စစ်ကောင်စီလက်အောက်ခံရာအိမ်မှူးဖြစ်သည့်အပြင် နိုင်ငံအဝှမ်း မြို့နယ် ကျေးရွာမကျန် ကွန်ရက်သဖွယ်ဖွဲ့စည်းထားသည့် သတင်းမီဒီယာအမည်ခံ လိုင်းကြေးကောက် သတင်း ပေးအဖွဲ့ဖြစ်သော “မှုခင်းရှုထောင့်”အဖွဲ့၏အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်ဟု နတ်တလင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးမှပြောသည်။

“သူ့ကို ညနေ ၅ နာရီလောက် အိမ်ရှေ့မှာ အလုပ်လုပ်နေတဲ့အချိန် လာပစ်သွားတာပါ။ ခါးကို ငါးချက် ခေါင်းကိုတစ်ချက်။ သေတော့ ရွာက သူတို့ဘက်ကလူကြီးက စစ်တပ်ကို ဖုန်းဆက်တယ်။ မနက်လာမယ် ပြောပြီးမလာကြဖူး၊ သူ့ဘက်ကအမျိုးတွေလည်း တစ်ယောက်မှမလာရဲကြဘူး၊ မနေ့က ၁၁ နာရီလောက် မှာ သင်္ဂြိုဟ်လိုက်ကြတယ်” ဟု ဒေသတွင်းသတင်းရင်းမြစ်ကပြောသည်။

သေဆုံးသူ ဦးဌေးလွင်သည် အသက်(၅၃)နှစ်အရွယ်ရှိပြီး ၎င်းတွင် ကျောင်းဆရာမဖြစ်သူ အမျိုးသမီးနှင့် သမီးလေးဦး၊ သားတစ်ဦးရှိကြောင်း သိရသည်။

ဦးဌေးလွင်သည် စစ်ကောင်စီလက်အောက်ခံ ထောက်တိုင်တစ်ဦးဖြစ်ရုံသာမက ရဲသတင်းပေး (အင်ဖော် မာ)တစ်ဦးပါဖြစ်ကြောင်း၊ ၎င်းသည် စစ်ကောင်စီတပ်သားများနှင့် အတူသွားလာနေထိုင်ခြင်း၊ သတင်းပေး ခြင်း၊ လမ်းပြခြင်းတို့ကိုပါပြုလုပ်နေသူဖြစ်ကြောင်းတို့ကို MRF-Nattalin ၏ ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။

မိုဆို၊ ပဇီကြီး၊ နန့်နိမ်၊ အနန့်ပါ၊ လက်ယက်ကုန်းအပါအဝင် နိုင်ငံတဝန်းရှိ စစ်ကောင်စီ၏ အစုလိုက်အပြုံ လိုက်သတ်ဖြတ်ခဲ့သော စစ်ရာဇဝတ်မှုများနှင့်မတရားမှုအသီးသီးတို့အား ပြန်လည်သွေးကြွေးဆပ်ခိုင်း သည့်အနေဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“နတ်တလင်းမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ကျွန်လောက်ကောင်များသိစေရန်မှာ မင်း အောင်လှိုင်နှင့်အပေါင်းအပါအုပ်စုများသွားရမည့်လမ်းသည် “သေရွာ” တစ်လမ်းသာဖြစ်ပြီး ဆက်လက် ပူးပေါင်းနေသူများအနေဖြင့် လမ်းမသိသေးပါက ဌေးလွင်အားကြည့်ရှုနိုင်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် ဖြစ်စဉ်ဖြစ်ပွားရာ လယ်မအင်းအုပ်စုနှင့်အနီးအနားရှိ မကျီးပင်စက်လှေဂိတ် စစ်ကောင်စီဂိတ် စခန်းတွင် အင်အား ၃၀ ခန့် ထပ်မံဖြည့်တင်းထားကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူးတိုင်း

#နတ်တလင်းမြို့နယ်

#ရာအိမ်မှူး

#မှုခင်းရှုထောင့်အဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly