စစ်ကောင်စီ၏ ဝါဇီစက်ရုံကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

By MTO (မဇ္ဈိမ)
17 April 2023
စစ်ကောင်စီ၏ ဝါဇီစက်ရုံကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ငွေစက္ကူများပုံနှိပ်ထုတ်ဝေသည့် လုံခြုံရေးနှင့်သက်ဆိုင် သည့်ပုံနှိပ်လုပ်ငန်းများစက်ရုံ(ဝါဇီ)ကို ဧပြီလ ၁၆ ရက်နေ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိနိုင်ကြောင်း တိုက်ခိုက်ခဲ့သည့်အဖွဲ့များက ပြောကြားသည်။

“ဝါဇီကို ရှော့တိုက်ရော့ကက်နဲ့လှမ်းပစ်တယ်။ ငါးလုံးပစ်တာ တစ်လုံး Error တက်သွားတယ်၊ ၄ လုံးက တော့ ထိရောက်မှုရှိတယ်” ဟု Oak Awe UG အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရော့ကက်ဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝါဇီစက်ရုံအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေး ကြောင်းနှင့် ဝါဇီတပ်မှစစ်ကောင်စီတပ်ဖွဲ့များ လာရောက်စစ်ဆေးနေကြောင်းဆိုသည်။

ဝါဇီစက်ရုံကို တိုက်ခိုက်ခံလိုက်ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီအနားပတ်ဝန်းကျင်သို့ နယ်မြေရှင်းလင်းရေးများပြုလုပ်ခဲ့ပြီး ၎င်းတို့ကို မိုင်းဆွဲတိုက်ခိုက်ရန်စီစဉ်ထားသော်လည်း ပြည်သူများ ပါလာသည့်အတွက် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း Black Hawk Seikphyu Revolution Front မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ စကစတပ်ဖွဲ့၀င်တွေလာမယ်ဆိုတာ ကြိုတင်တွက်ဆထားပြီး မိုင်း ပဒေသာခုနစ်လုံးတွဲ နှစ်တွဲထောင်ပြီး စောင့်နေပေမဲ့ အနီးအနားက ကျေးရွာနေပြည်သူတွေကို ရှေ့ကလမ်းကြောင်းရှင်းလွှတ်လိုက်လို့ မိုင်း အားလုံး ပြန်လည်ရှင်းလင်းပြီးမှ ဆုတ်ခွာလာခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ယခုတိုက်ခိုက်မှုကို စလေမြို့ အခြေစိုက် Oak Awe UG အဖွဲ့ နှင့် Black Hawk Seikphyu Revolution Front မကွေးတိုင်း Drone အထူးတပ်ရင်း၊ တပ်ရင်း(၁) တပ်ခွဲ (၅)အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#မကွေးတိုင်း

#ဝါဇီစက်ရုံ

#ရှော့တိုက်ဒုံး

#ပစ်ခတ်တိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly