မြိတ်နှင့်ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသား ၆၀ ကျော် လွတ်ပေး၊ နိုင်ငံရေးအကျဉ်းသားများ မပါဝင်

By ကိုရွှေမြိတ် (မဇ္ဈိမ)
17 April 2023
မြိတ်နှင့်ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသား ၆၀ ကျော် လွတ်ပေး၊ နိုင်ငံရေးအကျဉ်းသားများ မပါဝင်

တနင်္သာရီတိုင်း၊ မြိတ်နှင့် ထားဝယ်မြို့နယ်တို့ရှိ အကျဉ်ထောင်များမှ ယနေ့ ဧပြီ ၁၇ ရက်တွင် အကျဉ်းသား/သူ ၆၀ ဦးကျော်ကိုလွတ်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသားတစ်ဦးမှ မပါဝင်ခဲ့ကြောင်း သတင်းရရှိသည်။

“မြိတ်အကျဉ်ထောင်ကတော့ ဒီနေ့မနက်ကပဲ ၁၀ ဦး လွတ်လာတယ်၊ အခြားအမှုတွေနဲ့ လွတ်လာတဲ့သူ တွေပဲတွေ့ရပြီး နိုင်ငံရေးအကျဉ်းသားတစ်ဦးမှမပါဘူး”ဟု မြိတ်အကျဉ်းထောင်အရှေ့သို့ သွားရောက်ခဲ့ သည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောပြသည်။

စစ်ကောင်စီ၏လွတ်ငြိမ်းခွင့်၌ မြိတ်အကျဉ်းထောင်မှ ၁၀ ဦး၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ ထုံခါးကျေးရွာအခြေစိုက် ဆင်ဖြူရှင်စိုက်ပျိုးမွေးမြူရေးနှင့် သက်မွေးမှုအတတ်သင်စခန်းမှ အကျဥ်းသား ၃၉ ဦးနှင့် ထားဝယ်အကျဉ်းထောင်မှ ၁၄ ဦး၊ စုစုပေါင်း ၆၃ ဦး ဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် လူမှုကွန် ရက်အချို့တွင် ရေးသားဖော်ပြထားသည်။

လက်ရှိလွတ်မြောက်လာသူအများစုတွင် စစ်ပြေး၊ ရဲပြေးများလည်းပါဝင်ပြီး မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ် ကျခံထားရသူများဖြစ်ကြောင်း ပြန်လည်လွတ်မြောက်လာသူများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ထံမှ သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#မြိတ်

#နိုင်ငံရေးအကျဉ်းသား

#ထားဝယ်

#အကျဉ်းထောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly