ခမောက်ကြီးမြို့ ဆိတ်ဖူးကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင် ၂ ဦး ရှင်းလင်းခံရ

By ကိုရွှေမြိတ် (မဇ္ဈိမ)
17 April 2023
ခမောက်ကြီးမြို့ ဆိတ်ဖူးကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင် ၂ ဦး ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ ရှမ်းကိုးရွာဒေသရှိ ဆိတ်ဖူးကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင်နှစ်ဦးကို ကော့သောင်းမြို့နယ်(ပကဖ)အဖွဲ့က သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရ သည်။

ဧပြီလ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ၎င်တို့နေထိုင်ရာ ဆိတ်ဖူးကျေးရွာအတွင်းထိဝင်ရောက်၍ ပစ် ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး အရပ်သားထိခိုက်မှုမရှိခဲ့ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကဆိုသည်။

“သွားရောက် ရှင်းလင်းခဲ့တာ ခေါင်းဆောင်နှစ်ဦးလို့ သိရတယ်။ ရွာရဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေလို့ ပြောတယ်” ဟု တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြော သည်။

ရှင်းလင်းခံရသည့် ပျူခေါင်းဆောင်ကျော်ဝင်းနှင့် ဒုခေါင်းဆောင် မြင့်အောင်တို့သည် ပျူခေါင်းဆောင်ပိုင်း များဖြစ်ကြသည့်အပြင် ၎င်းတို့ထံတွင် လက်နက်များပါရှိနေ၍ ယခုကဲ့သို့ မစ်ရှင်ဖော်ဆောင်ရခြင်းဟု ကော့သောင်းမြို့နယ် ပကဖ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ပျူခေါင်းဆောင်နှစ်ဦး ရှင်းလင်းခံရပြီးနောက် ၎င်းတို့ထံမှ AK-47 နှစ် လက်၊ AK ကျည် (၁၁၉) တောင့်၊ 9mm ပစ္စတို တစ်လက်၊ ကျည်ကာလေးထည်၊ ယူနီဖေါင်းနှစ်စုံ၊ ဆုံလည် ဂစ်(စ်)သေနတ်တစ်လက်၊ ကျည် ဘောက်ငါးခုနှင့် ဓါးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းသို့ ပျူစောထီးခေါင်းဆောင်နှစ်ဦး ပစ်သတ်ခံရပြီးနောက် ဒေသခံ ၃၀၀ နီးပါးသည် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ထိုင်းသတင်းအချို့တွင် ဖော်ပြထားသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#ခမောက်ကြီးမြို့

#ကော့သောင်းခရိုင်

#ပျူစောထီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly