ဂျပန်တွင် “ထောက်ပို့တော်လှန် နွေဦးသင်္ကြန်” ရန်ပုံငွေပွဲ ကျင်းပ

By ကီရာ (မဇ္ဈိမ)
17 April 2023
ဂျပန်တွင် “ထောက်ပို့တော်လှန် နွေဦးသင်္ကြန်” ရန်ပုံငွေပွဲ ကျင်းပ

ဂျပန်နိုင်ငံ၊ ကိုဘေးမြို့ Kobe chiritsu futabagakusha တွင် ဧပြီလ ၁၆ ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့သော ‌ထောက်ပို့တော်လှန်နွေဦးသင်္ကြန်ပွဲကို မြန်မာလူမျိုး ၂,၅၀၀ ကျော်နှင့် ဂျပန်လူမျိုး ၃၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲကို အိုဆာကာမြို့ Hira Kata Shi Nippei Park ပန်းခြံ၌ပြုလုပ်ရန် စီစဉ် ထားသော်လည်း ယင်းနေရာတွင် လူဦးရေ ၅၀၀ ခန့်သာသတ်မှတ်ထားသည့်အတွက် ကိုဘေးမြို့သို့ ပြောင်းရွှေ့ကျင်းပခဲ့ ခြင်းဖြစ်သည်။

ပြည်တွင်းမှကြိုးစားနေသည့် NUG ၊ PDF နှင့် စစ်ဘေးဒုက္ခသည်များကို အဓိကကူညီရန်အတွက် ‌ထောက် ပို့တော်လှန်နွေဦးသင်္ကြန်ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း မြန်မာ့လူထုကူညီထောက်ပံ့ရေးအသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဦးကောင်းချစ်သဲက ပြောကြားသည်။

“ပြည်တွင်းမှာလုပ်တဲ့သင်္ကြန်ပွဲနဲ့ ပြည်ပမှာလုပ်တဲ့သင်္ကြန်ပွဲတွေက သင်္ကြန်ဆိုတဲ့ပုံံစံချင်းတူပေမယ့် အနှစ် သာရခြင်းက ကွာပါတယ်။ ပြည်တွင်းမှာလုပ်တဲ့ သင်္ကြန်ပွဲတွေက ပြည်သူတွေကသတ်ဖြတ်ခံနေရတဲ့ အချိန်မှာ ဒီပြည်သူ‌တွေက ဒီအတွက်ကို စိတ်မရှိပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ လူစည်အောင် တိုင်းပြည်အေးချမ်း နေသယောင် အလိမ်အညာပုံစံမျိုးကို စစ်ကောင်စီကပြချင်တဲ့ အတုအယောင်သင်္ကြန်မျိုး ဖြစ်ပါတယ်” ဟု ဦးကောင်းချစ်သဲမှ ပြောသည်။

ထို့ပြင် ထောက်ပို့တော်လှန်နွေဦးသင်္ကြန်ပွဲမှ ရရှိလာသည့် ရန်ပုံငွေများ၏ ၅၀ ရာခိုင်နှုန်းကို NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားမှုဝန်ကြီးဌာနသို့ လှူဒါန်းသွားမည်ဖြစ်ပြီး ကျန်သည့် ၅၀ ရာခိုင်နှုန်းကို မြေ ပြင်တွင် အမှန်တကယ်အလုပ်လုပ်နေသည့်အဖွဲ့အစည်းများကို ရွေးချယ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

“သင်္ကြန်ပွဲတော်ကိုဒီမှာ မြန်မာလူမျိုးတွေအများကြီးစုဝေးကျင်းပတာတွေ့ရတာ အများကြီးပျော်စရာ ကောင်းပါတယ်။ ကိုယ့်တိုင်းပြည်မှာ လူတွေဒုက္ခရောက်နေချိန် ဒီမှာပျော်နေတာ မသင့်တော်ဘူးဆိုတဲ့ လူတွေလည်းရှိပေမယ့် ဒီလိုမျိုးအားလုံးစုဝေးပြီး ခံစားချက်တွေမျှဝေကြပြီး ဒီနေ့ကို အတူတူ အချိန်ကုန် ဆုံးရင်း စိတ်သစ်လူသစ်နဲ့သကြင်္န်ပွဲတော်မှာ ပျော်ရွှင်ကြမယ်လို့ထင်ပါတယ်”ဟု အဆိုပါပွဲသို့ လာရောက် ခဲ့သည့် မြန်မာနိုင်ငံကယ်ဆယ်ရေးစင်တာ(ဂျပန်)မှဦးဆောင်သူတစ်ဦးဖြစ်သည့် ခေးကိုနာကာအိုစံမှ ပြော သည်။

ယင်းအပြင် မြန်မာနိုင်ငံကယ်ဆယ်ရေးစင်တာ(ဂျပန်)တွင် ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်သည့် ဖူဂျီ တာစံကလည်း မြန်မာနိုင်ငံအတွက် ၎င်းတို့အဖွဲ့အစည်းအနေဖြင့် အလှူခံမှုများလုပ်ဆောင်ရာတွင် မြန်မာလူမျိုးများလည်း ပါဝင်လိုက်ပါစေချင်သည့်အကြောင်းနှင့် တော်လှန်ရေးကို မမေ့လျော့ပဲ အားလုံး အတူ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောသည်။

အဆိုပါသင်္ကြန်အတွက် လက်မှတ်တစ်စောင်လျင် ယန်း ၂,၀၀၀ ဖြင့် သတ်မှတ်ရောင်းချခဲ့ကာ ယန်း ၁,၀၀၀ တန် မုန့်စားလက်မှတ်ကိုလည်း ပြန်လည်ပေးခဲ့ပြီး မုန့်ဟင်းခါး ၊ မြိတ်ကတ်ကြေးကိုက်၊ မုန့်လုံးရေ ပေါ် အစရှိသည့် မြန်မာမုန့်များကိုလည်း ယန်း ၅၀၀၊ ယန်း ၁,၀၀၀ ဖြင့် ရောင်းချခဲ့ကြကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။စောဖေ

#ထောက်ပို့တော်လှန်နွေဦးသင်္ကြန်

#mizzimatv

#ဂျပန်ရောက်မြန်မာများ

#စစ်အာဏာရှင်ဆန့်ကျင်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly