နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၆ ဧပြီ ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၆ ဧပြီ ၂၀၂၃ ) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် နောက်လိုက်များအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ဆိုတာ ရှိမည်မဟုတ်ပဲ နိုင်ငံတကာတရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင်ရေး လုပ်ဆောင်နေကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ၊ ယာယီသမ္မတဒူဝါလရှီးလက ပြောကြားသည်။ 

  • လေကြောင်းရန်ကာကွယ်ရေးလက်နက်များအမြန်ဆုံးအကူအညီပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတကာသို့ တောင်းဆိုလိုက်သည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ဧပြီ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သော စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လူအစုလိုက် အပြုံလိုက် သေဆုံးခဲ့ရသည့်အတွက် စစ်ကောင်စီနှင့် စစ်လက် နက်ရောင်းချသူများ၊ လေယာဉ်ဆီတင်သွင်းရောင်းချသူများအား အမြန်ဆုံးဒဏ်ခတ် အရေးယူပေး ပါရန် အမျိုးသားညီညွတ်ရေး အစိုးရ( NUG ) ၏ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတကာသို့ တောင်းဆို လိုက်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ  

  • ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ တောင်ညိုဆည်အထက် ပဲခူးရိုးမ အစပ် က ကျေးရွာတချို့က ရွာခံတွေကို စစ်ကောင်စီတပ်တွေက ရွာကနေ ထွက်သွားရန် ပြောဆိုလာသည့်အတွက် ဒေသခံများ ရွာကနေ ထွက်ခွာနေကြရကြောင်း သိရသည်။ 

  • ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ အဂ္ဂရာပြည်အုပ်စု၊ သခွတ်စောက်ရွာနေ အုပ် ချုပ် ရေးမှူး ၊ ပျူစောထီး ခေါင်းဆောင် ထွန်းထွန်းဦးသည် နေအိမ်တွင် ပစ် ခတ် ခံရပြီး သေဆုံးသွားကြောင်း ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။ 

  • ဟင်္သာတမြို့၊ ရုံးကြီးလမ်း(ရွှေစေတီလမ်း)ပေါ်ရှိဟင်္သာတခရိုင်ရဲမှုး ကျော်မြသန်း၏ အိမ်ခြံဝန်းအတွင်း ဧ ပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ထံက သိရသည်။ 

  • စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ် ၊ ထီးဆောင်းကျေးရွာတွင် တပ်စွဲ၍ ခရီးသွားပြည်သူများထံမှ ငွေကြေးတောင်း ရမ်းကာ စခန်းရှေ့တွင် မူးရူးကခုန်နေသည့် စစ်ကောင်စီတပ်သားများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဧပြီ ၁၅ ရက် ညနေ ၃ နာရီ ၄၅ မိနစ် အချိန်တွင် GPS စနစ်ပါ ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ 

  • မုံရွာ-အမြင့်လမ်း ပြည်သူများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင် တော်လှန် သင်္ကြန် အတက်နေ့ အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာတွင် ဧပြီလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သော ပြည်သူများအတွက် ဝမ်းနည်းကြောင်း ညသပိတ်ကို ဧပြီလ ၁၅ ရက်နေ့ညက ကနီမြို့နယ်၊ ကျေးရွာတစ်ရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာတွင် ကျဆုံးခဲ့သော ပြည်သူများ၏ ရက်လည်နေ့ဖြစ်သည့် နှစ်ဆန်း တစ်ရက်နေ့တွင် တစ်နိုင်ငံလုံး မီးပိတ်သပိတ် ဆင်နွှဲကြရန် တော်လှန်ရေး အင်အားစုများက တောင်းဆိုလိုက်ကြောင်းသိရသည်။ 

  • တန့်ဆည်မြို့နယ် ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင် တော်လှန်သင်္ကြန် အတက်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ပုလဲမြို့နယ်၊ ဒေါင်းသွေးသစ် အဖွဲ့မှ လူငယ်များ၏ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး တော်လှန် သင်္ကြန် သံချပ်ထိုးခဲ့ကြောင်း သိရသည်။ 

  • ကနီမြို့နယ်တွင် ဒေသပြည်သူများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး မုန့်လုံး သပိတ် ပြုလုပ် ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်းပဇီကြီးကျေးရွာတွင် ဧပြီလ ၁၁ရက်နေ့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ခံရပြီးနောက် အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် ပြည်သူ အစုလိုက်အပြုံလိုက် ၁၇၀ ကျော် သေဆုံးခဲ့ကြောင်း နောက်ဆုံးစာရင်းဇယားများအရ သိရှိရသည်။ 

  • ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊အမှတ်(၅) ရပ်ကွက်၊ထောင်ကုန်းလမ်းရှိ စစ်သားစုဆောင်းရေးရုံးတွင် ယနေ့ ဧပြီလ ၁၅ ရက်နေ့ ည ၇ နာရီ ၃၆ မိနစ်ခန့် အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

  • မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောက်မိချောင်းကျေးရွာနှင့် ကျုံလောင်းရွာဟောင်းကြားရှိ မိုင်တဲတာဝါတိုင်အား ရေးမြို့အထူးပြောက်ကျားတပ်ဖွဲ့-Ye Special Tasks Forces(YSTF) မှ လှဲချဖျက်ဆီးခဲ့ကြောင်း YSTF တာဝန်ခံ စောသာစေးထံမှ သိရသည်။ 

  • တောင်ကိုရီယား နိုင်ငံ ဆိုးလ်မြို့ မြန်မာ စစ်သံရုံးရှေ့တွင် ပဇီကြီးရွာ လုပ်ကြံသတ်ဖြတ်မှုအား ကန့်ကွက် ရှုတ်ချ​ကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။ 

  • ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ၃ ဖာလုံအကွာက နှီယာလောန်ထာရ်ကျေးရွာကို ဧပြီ ၁၅ရက် နံနက်ပိုင်းတွင် ဟားခါးမြို့ကထွက်လာသော စစ်ကောင်စီစစ်ကြောင်းက မီးရှီု့ဖျက်ဆီးခဲ့သည့်အတွက် ရွာလုံးကျွတ်နီးပါးမီး လောင်ပျက်စီးခဲ့ကြောင်း ဒေသ တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ယနေ့ သင်္ကြန်အတက်နေ့တွင် သရက်ချောင်းလူငယ်များက ဖက်ဆစ် တန်ခူး ဒို့မမြူး ကြွေးကြော်သံဖြင့် သပိတ်မှောက်ကြသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေ၊ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ ဒေသခံခြောက်ဦးအား စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီး လမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်း KNU ဗဟို​၏ ထုတ်ပြန်ချက်အရ သိရသည်။ 

  • အကြမ်းဖက်စစ်ကောင်စီ၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒ.က.စ)- လွိုင်ကော်၏ ဗဟိုကင်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ရုံးအတွင်းမှ ဗဟိုမဏ္ဍပ်တို့ကို လွိုင်ကော် PDFနှင့် Falcon Wings အဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လွိုင်ကော် PDF က ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ 

  • မင်းအောင်လှိုင်ကို ကမ္ဘာ့ ခေါင်းဆောင်ဆိုး အဖြစ် အမေရိကန် TIME မဂ္ဂဇင်း ၏ သက်ရောက်မှုရှိသော လူပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ထည့်သွင်း ရွေးချယ်လိုက်သည်။ 

  • အကြမ်းဖက် မင်းအောင်လှိုင်၏ဇနီး ကြူကြူလှ နှင့်အဖွဲ့သည် ဧပြီ(၁၅)ရက်သင်္ကြန်အကြတ်နေ့က ပြင်ဦးလွင်တပ်နယ်တွင် ဗိုလ်လောင်းများ၏ ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွဲ နေမှုများကို သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီဝါဒဖြန့်ချိရေးအဖွဲ့က ထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်ဓမ္မာရုံတစ်ခု၌  သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက် ညနေ ၅ နာရီခွဲအချိန် သင်္ကြန်ရေကစားနေစဉ် Drop Bomb ၂ လုံး ဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း အကြမ်းဖက် စစ်ကောင်စီ ဝါဒဖြန့်ချိရေးအဖွဲ့က ထုတ်ပြန်သည်။ 

  • ရန်ကုန်မြိုတွင် ဧပြီ၁၅ရက်နေ့က သင်္ကြန်ပွဲတော်ကို ပြည်သူလူထုအများစုမှ ပါဝင်ဆင်နွဲခြင်းမရှိသာ်လည်း စစ်ကောင်စီ မီဒီယာဖြစ်သည့် Yangon Media Group သတင်းတွင် မြိုတော်ဝန်မဏ္ဍပ်နှင့် ပြည်သူရင်ပြင်ရေ ကစားမဏ္ဍပ်များ၏ လမ်းလျောက်သင်္ကြန်နေရာများတွင် ရေကစားသူများပြားသည်ဟုဆိုကာ ဝါဒဖြန့်ချိရေး သားထားသည်။ 

ဧပြီ ၁၆ ရက် သုံးသပ်ချက် 

  • နိုင်ငံအတွင်း အာဏာသိမ်းပြီးကတည်းက ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ်၊ရွာများကိုမီးရှို့ကာ လူမျိုးတုန်းသတ်ဖြတ်မှုများကို ဆက်တိုက်ကျူးလွန်မှုများတွင် ဦးဆောင်ညွှန်ကြားသူ အကြမ်းဖက် မင်းအောင်လှိုင်ကို ကမ္ဘာကျော် Time မဂ္ဂဇင်းက ကမ္ဘာ့ ခေါင်းဆောင်ဆိုး အဖြစ်သတ်လိုက်သည့် အတွက် နိုင်ငံတကာတရားရုံးတွင် တရားစွဲဆိုရန်အတွက် အထောက်အကူတစ်ခုဖြစ်လာနိုင်သည်။ 

  • မြို့ကြီးများတွင် စစ်ကောင်စီမှ သင်္ကြန်ပွဲတော် မဖြစ်ဖြစ်အောင် စီစဉ်ပြုလုပ်နေသော်လည်း စစ်ကိုင်း၊ချင်း၊ ကရင်၊ မကွေး၊ကရင်နီတို့တွင် တိုက်ပွဲဖြစ်ဖြစ်ပွားနေသလို တချို့မြို့များတွင်လည်း မြို့ပြပျောက်ကြား တော်လှန်မှုများ ရှိနေသည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly