ချက်သမ္မတနိုင်ငံက တော်လှန်သကြ်န်အခမ်းအနား

ချက်သမ္မတနိုင်ငံက တော်လှန်သကြ်န်အခမ်းအနား

ချက်သမ္မတနိုင်ငံပရာဟာမြို့တွင် ဧပြီလ ၁၅ ရက်နေ့က တော်လှန်သင်္ကြန် အခမ်းအနားကိုကျင်းပခဲ့သည်။

ချက်သမ္မတနိုင်ငံရှိမြန်မာမိသားစုများ ဦးဆောင်ကျင်းပသည့် အဆိုပါအခမ်းအနားသည် ချက်သမ္မတနိုင်ငံတွင် (၅) ကြိမ်မြောက် ကျင်းပသည့် မြန်မာသင်္ကြန်အခမ်းအနားဖြစ်ပြီး မြန်မာမိသားစုများအကြား၊ ချက်သမ္မတနိုင်ငံရောက် မြန်မာများအကြားပိုမိုချစ်ကြည်ရင်းနှီးမှုရှိစေရန် နှင့် မြန်မာ့ယဥ်ကျေးမှုသင်္ကြန်ကိုပိုမိုတန်ဖိုးထားနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ယခုတကြိမ်ကျင်းပသည့်အခမ်းအနားတွင် လက်ရှိမြန်မာပြည်တွင်းအခြေအနေများ၊ စစ်အုပ်စု၏အကြမ်းဖက်များအား နိုင်ငံတကာသို့သိရှိစေရန်ရည်ရွယ်ပါသည်။

အဆိုပါအခမ်းအနားတွင် မြို့ပြပျောက်ကြားရုပ်ရှင်ပြသခြင်း၊ နွေဦးတော်လှန်ရေးအတွင်းကျဆုံးခဲ့သူများအတွက် တမိနစ်ငြိမ်သက်ဆုတောင်းခြင်းတို့အပြင် စကားဝိုင်းဆွေးနွေးမှုလည်းပါဝင်ခဲ့ပါသည်။

"Revolution, Resistance, and Regionalism: Vision for New Federal Union and assessment of international response regarding the Issue of Burma" ခေါင်းစဥ်ဖြင့်ကျင်းပသည့် အဆိုပါအခမ်းအနားသို့ ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ဦးလင်းသန့်၊ Prague Civil Society Centre ၏ senior advisor ဖြစ်သူ Igor Blazevic၊ Chancellor of the Belarus Democratic Forces in the Czech Republic ဖြစ်သူ Kryścina Šyjanok တို့မှတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Igor Blazevic မှ လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးသည် အထင်ကြီးစရာကောင်းသော၊ သူရဲကောင်းဆန်သော၊ ဝမ်းနည်းဖွယ်ရာများလည်းရှိသော၊ မျှော်လင့်ချက်ရောင်နီသန်းသည့် တော်လှန်ရေးတခုဖြစ်ကြောင်း။ စစ်အုပ်စုက အာဏာသိမ်းရန်ကြိုးပမ်းစဥ်အစပိုင်းကာလတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် လပိုင်းအတွင်း ဆန္ဒပြသူများအားဖိနှိပ်ခြင်းဖြင့် လပိုင်းအတွင်းထိန်းချုပ်နိုင်ပြီး ၎င်းအနေဖြင့် သမ္မတတဦးအဖြစ်ရွေးကောက်ခံရမည်ဟုယုံကြည်ခဲ့ကြောင်း။ မြန်မာပြည်တွင်းရှိ သံရုံးများနှင့် UN Agency များမှလည်း အလားတူယုံကြည်ခဲ့ကြကြောင်း။ နွေဦးတော်လှန်ရေး၏ မြဲမြံခိုင်မာသည့် သံဓိဌာန်နှင့် ရဲရင့်မှုတို့သည် အဆိုပါထင်မှတ်မှုများမှားယွင်းကြောင်းသက်သေပြနိုင်ခဲ့ပါသည်။ ဟုပြောကြားခဲ့သည်။

Kryścina Šyjanok က မိမိအနေနှင့် Office of Belarus Democratic Forces in the Czech Republic ကိုယ်စားတက်ရောက်ခြင်းဖြစ်ပြီး ဘယ်လာရုစ် အမျိုးသားခေါင်းဆောင် Sviatlana Tsikhanouskayaဘယ်လာရုစ် အမျိုးသားခေါင်းဆောင် ၏ အမည်နာမအောက်တွင် ဝမ်းမြောက်စွာနှုတ်ခွန်းဆက်သပါကြောင်း။ ဘယ်လာရုစ်ပြည်သူများအားမမေ့မလျော့ရှိခြင်းအတွက်လည်း ဝမ်းမြောက်မိပါကြောင်း။ မြန်မာနိုင်ငံ၏ပိုမိုကောင်းမွန်သည့်အနာဂတ်အတွက် ရဲဝံ့စွာတိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူများအတွက် မိမိတို့၏ မြဲမြံသည့် ရပ်တည်မှုအားပြသလိုကြောင်း။ ပြောကြားခဲ့ပါသည်။

ချက်သမ္မတနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးလင်းသန့်အနေနှင့် မိမိတို့အနေနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ လမ်းပြမြေပုံများအတိုင်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက်ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။ ဆွေးနွေးခဲ့ကြသူများမှ တော်လှန်သင်္ကြန်ပွဲ အခမ်းအနားတက်ရောက်လာကြသူများမှ မေးမြန်းလာသည့် မေးခွန်းများအားဆက်လက်ဖြေကြားခဲ့ပါသည်။

စကားဝိုင်းဆွေးနွေးပွဲ ပြီးဆုံးပြီးနောက် ချက်သမ္မတနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဦးလင်းသန့်သည် အခမ်းအနားတက်ရောက်လာသည့် မြန်မာကျောင်းသားကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly