ဟိုင်းကြီးကျွန်းမြို့တွင် စစ်ကောင်စီသတင်းပေးဆိုသူ သေနတ်ဖြင့်ပစ်ခတ်ခံရ

By မင်းထက် (မဇ္စျိမ)
16 April 2023
ဟိုင်းကြီးကျွန်းမြို့တွင် စစ်ကောင်စီသတင်းပေးဆိုသူ သေနတ်ဖြင့်ပစ်ခတ်ခံရ

ဧရာ၀တီတိုင်း၊ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာတွင် ဧပြီလ ၁၃ ရက်နေ့ ညက စစ်ကောင်စီသတင်းပေးဟု အမည်ထွက်နေသည့် ဦးအောင်မျိုးလွင်ဆိုသူ သေနတ်ဖြင့် လေးချက်ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ဧပြီလ ၁၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်က ဦးအောင်မျိုးလွင်အိမ်သို့ လူငယ်လေးဦး ရောက်လာပြီး သေနတ်ဖြင့် ပစ်သွားခြင်းဟု ဇီးချိုင်ကျေးရွာ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ဒေသခံက "ကောင်လေးတွေရောက်လာပြီး ပိုက်ဆံထုတ်ချင်လို့ပြောပြီးအိမ်ကိုဝင်တယ်။ဦးအောင်မျိုးလွင်ရဲ့မိန်းမနဲ့စကားပြောပြီး ဦးအောင်

မျိုးလွင်ကအိမ်မှာမရှိတော့ သူ့သမီးကဖုန်းဆက်ခေါ်လိုက်တယ်။အဲ့ဒီလူ ဆိုင်ကယ်ပေါ်ကဆင်းပြီး အိမ်ထဲကိုရောက်တာနဲ့ လေးချက်ပစ်ပြီးထွက်ပြေးသွားကြတယ် "ဟု ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီး မိနစ်အနည်းငယ်တွင် ရဲတပ်ဖွဲ့များရောက်ရှိလာကာ ဦးအောင်မျိုးလွင်အား ပုသိမ်မြို့ ရှိ စစ်ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။ ဦး‌အောင်မျိုးလွင်သည် သေနတ်ကျည်ထိမှန်ထားသည့် ဒဏ်ရာများကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရသည်ဟု စစ်ကောင်စီနှင့် နီးစပ်သူများကပြောသည်။

ဦးအောင်မျိုးလွင်သည် စစ်ကောင်စီသတင်းပေးတစ်ဦးဖြစ်၍ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု Beach Defence Force(BDF)၏ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။

"ဒီလူက စစ်ကောင်စီဒေါက်တိုင်ဖြစ်တာကြောင့် ကျွန်တော်တို့အဖွဲ့တွေပူးပေါင်းပြီးပစ်ခတ်ရှင်းလင်းခဲ့တာပါ။ သေမသေတော့အတည်ပြုလို့မရသေးပါဘူး"ဟု ဆိုသည်။

၎င်း၏ သတင်းပေးမှုကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် ဒေသခံအချို့နှင့် NLD ပါတီဝင်အချို့သည် စစ်‌ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု Beach Defence Force(BDF)က ဆိုသည်။

ဦးအောင်မျိုးလွင်အား ပစ်ခတ်သည့်မစ်ရှင်ကို ဧရာဝတီတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် SinYine Guerrilla၊ Beach Defence Force (BDF)၊ Pathein Western Defence Force (PWDF)၊ West Coast Defence Force (WCDF)၊ Yoma Annawah Defence Force (YADF)၊ Mountain Livil Defence Force (MLDF) တို့ပါဝင်သော မဟာမိတ်အင်အားစုများပူးပေါင်းကာ ဖော်ဆောင်ခဲ့ခြင်းဟု သိရသည်။

စာတည်း -မောင်ကြီး

#ဟိုင်းကြီးကျွန်းမြို့

#ဇီးချိုင်ကျေးရွာ

#စစ်ကောင်စီသတင်းပေး

#သေနတ်ဖြင့်ပစ်ခတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly