ပြည်တွင်းပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားသံတမန်များ ပြည်ပငွေဖြင့် အကောင့်ဖွင့်နိုင်ပြီ

ပြည်တွင်းပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားသံတမန်များ ပြည်ပငွေဖြင့် အကောင့်ဖွင့်နိုင်ပြီ
နေပြည်တော်ရှိ ဗဟိုဘဏ်အား သြဂုတ်လ ၂၃ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-မင်းမင်း

ပြည်တွင်းပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားငွေကြေးဖြင့် သံတမန်များအနေဖြင့် ဘဏ်အကောင့်များ ဖွင့်လှစ်ခွင့်ကို ဗဟိုဘဏ်က ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း မတ် ၂၃ ရက်က ဗဟိုဘဏ်က ကြေညာသည်။

ယခင်က နိုင်ငံခြားသံတမန်များကို နိုင်ငံခြားငွေအလွှဲအပြောင်းလုပ်ကြရာ၌ အစိုးရဘဏ်များမှသာ လုပ်ကိုင်နိုင်ခွင့်ရှိခဲ့ခြင်းဖြစ်သည်။

"ဒါက ဘဏ်လုပ်ငန်းကို ချဲ့ထွင်တာပဲဖြစ်တယ်။ အစိုးရဘဏ်များထက် ပုဂ္ဂလိကဘဏ်များကို သံတမန်များအနေနဲ့ အသုံးပြုခွင့်ရတာ ပိုပြီးအဆင်ပြေစေမည်လို့ ကျွန်တော် ထင်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေအနေနဲ့လည်း ဒီဝန်ဆောင်မှုကနေ အကျိုးအမြတ်ရှိလာမှာလည်းဖြစ်ပါတယ်။"ဟု ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေးဖြစ်သူ ဦးသန်းလွင်က ဆင်ဟွာသတင်းသို့ ပြောသည်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားသံတမန်များ နိုင်ငံခြားငွေကြေးဖြင့် ဘဏ်အကောင့်များဖွင့်နိုင်ရန် စည်းမျဉ်းစည်ကမ်းတစ်ချို့ကို ရေးဆွဲပြဌာန်းခဲ့သည်။ သံတမန်များဘဏ်အကောင့်ဖွင့်ရာ၌ အမေရိကန်ဒေါ်လာ၊ ယူရိုငွေနှင့် စင်ကာပူဒေါ်လာ စသည့် နိုင်ငံခြားငွေကြေးများကို ဒေါ်လာ ၁၀၀ နှုန်းနှင့် ညီမျှသည့် ငွေကြေးပမာဏဖြင့် စတင်အကောင့်ဖွင့်နိုင်သည်။ အများဆုံး ဘဏ်အကောင့်အတွင်း ထည့်သွင်းနိုင်သည့် ပမာဏကိုမူ ပြဌာန်းရခြင်း မရှိသေးပေ။

လတ်တလောတွင် အစိုးရနှင့် ဖက်စပ်ဘဏ်များအပါအဝင် ပြည်တွင်းဘဏ် ၂၅ ခု၌ နိုင်ငံခြားငွေကြေးလဲလှယ်မှုဝန်ဆောင်မှုအတွက် ခွင့်ပြုချက်ရထားသည့် ဘဏ် ၁၇ ဘဏ်ရှိသည်။

ဗဟိုဘဏ်က မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံသည့် နိုင်ငံခြားကုမ္ပဏီများအား ဝန်ဆောင်မှုပေးရေးအတွက် ယခုလအစောပိုင်းက နိုင်ငံခြားဘဏ် လေးဘဏ်ကို ဝန်ဆောင်မှုလိုင်စင် ချထားပေးခဲ့သည်။ မြန်မာနိုင်ငံတွင် အခြေစိုက်ဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်ခွဲ ၁၃ ခု လက်ရှိတွင် ရှိနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly