စစ်ရှောင်များ စားနပ်ရိက္ခာနဲ့ဆေးဝါးလိုအပ်ချက် ပိုမိုမြင့်မားလာ

13 April 2023
စစ်ရှောင်များ စားနပ်ရိက္ခာနဲ့ဆေးဝါးလိုအပ်ချက် ပိုမိုမြင့်မားလာ

ကရင်နဲ့ကရင်နီ(ကယား)ပြည်နယ်များအတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခအခြေအနေ ပိုမိုပြင်းထန်လာတာကြောင့် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးစတဲ့ လူသားချင်းစာနာမှုအကူအညီတွေလည်း ပိုမိုလိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

ကယားပြည်နယ်မှာ ဧပြီလဆန်းပိုင်းကစလို့ စားနပ်ရိက္ခာသယ်ယူတဲ့လမ်းကြောင်းတွေကို စစ်ကောင်စီတပ်က ပိုမိုတင်းကျပ်လာတာကြောင့် ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ရရှိရေး ပိုခက်ခဲလာတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ဒီးမော့ဆိုက ဒုက္ခသည်စခန်းရှိတဲ့ နေရာတွေအနီးမှာပါ တိုက်ပွဲတွေဆက်ဖြစ်နေလို့ စစ်ဘေးဒုက္ခသည်တွေ နေရာထပ်ရွေ့နေရပြီး စားသောက်ရေးနဲ့ ကျန်းမာရေးပိုင်း အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဒုက္ခသည်တွေအတွက် နိုင်ငံတကာအဖွဲ့တွေက ကူညီတယ်ဆိုပေမယ့်လည်း စစ်ကောင်စီခွင့်ပြုချက်နောက်ကသာ ကူညီနေလို့ ဒုက္ခသည်အားလုံးကိုလွှမ်းခြုံတဲ့ အကူအညီမျိုးမရရှိကြပါဘူး။

ဒီလိုအချိန်မှာပဲ စစ်ကောင်စီတပ်က အစားအသောက်သယ်ယူတဲ့လမ်းပိုင်းတွေကို ပိုတင်းကျပ်နေတာလို့ ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်တဲ့ အခြေအနေမျိုး ကြုံလာရနိုင်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ နေရပ်စွန့်ခွာနေရတဲ့ ဒုက္ခသည် သုံးသိန်းနီးပါးရှိလာပြီလို့လည်း ISP-Myanmar က ဖော်ပြထားပါတယ်။

ကရင်ပြည်နယ်အတွင်းမှာလည်း  စစ်ရေးပဋိပက္ခအခြေအနေ ပိုမိုပြင်းထန်လာတာကြောင့် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးစတဲ့ လူသားချင်းစာနာမှုအကူအညီတွေလည်း ပိုမိုလိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly