မုံရွာမြို့တွင် သင်္ကြန် ရေကစားသူ နည်းပါး

By ပါခွီး (မဇ္စျိမ)
13 April 2023
မုံရွာမြို့တွင် သင်္ကြန် ရေကစားသူ နည်းပါး

စစ်ကိုင်းတိုင်း ၊မုံရွာမြို့တွင် သင်္ကြန်အကြိုရက်ဖြစ်သော ယနေ့တွင် ရေကစားသူ မရှိသလောက်နည်းပါးကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့ ဧပြီလ ၁၃ရက်တွင် မြို့အတွင်း လူစည်ကားသော အရပ်များတွင် အသွားအလာ ခြောက်ကပ်နေပြီး ရေကစားသူမရှိကြောင်းသိရသည်။

သို့သော် စစ်ကောင်စီတပ်က ကန်သာယာတွင် မန်းဏ္ဍပ်တစ်ခုနှင့် နမခ(အနောက် မြောက်တိုင်းစစ်ဌာချုပ်) ထဲတွင် တစ်ခု ဆောက်လုပ်ပြီး ရေကစားကြရန် စီစဉ်ထားကြောင်းသိရသည်။

စစ်ကောင်စီ က သင်္ကြန်ကို စည်ကားစေရန်ရည်ရွယ်၍ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ရန်အောင် ၊ စိုးသူနှင့် စိုးမြတ်သူဇာတို့ကို ဖျော်ဖြေရန် ဖိတ်ကြားထားကြောင်း မုံရွာမြို့ခံတစ်ဦး က ပြောဆိုသည်။

စစ်ကောင်စီတပ်က လေကြောင်းမှ ပြည်သူများကို တိုက်ခိုက်မှုများ အရှိန်မြှင့် လုပ်ဆောင်နေစဉ် ကာကွယ်ရေးတပ်ဖွဲ့များနှင့် တက်ကြွလှုပ်ရှားသူများ က စစ်ကောင်စီမှ ဦးစီးကျင်းပမည့် သင်္ကြန်ပွဲများတွင် ပါဝင်ခြင်းမပြုကြရန်တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ထားကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly