မြိတ်မြို့ ကလွင်ကျေးရွာရှိ ရပ်ကွက် ရေကစားမဏ္ဍပ် လက်နက်ကိုင် ပျူစောထီးအဖွဲ့နှင့် လုံခြုံရေးယူ ဖွင့်လှစ်

By ကိုရွှေမြိတ်(မဇ္ဈိမ)
13 April 2023
မြိတ်မြို့ ကလွင်ကျေးရွာရှိ ရပ်ကွက် ရေကစားမဏ္ဍပ် လက်နက်ကိုင် ပျူစောထီးအဖွဲ့နှင့် လုံခြုံရေးယူ ဖွင့်လှစ်

 တနင်္သာရီတိုင်း ၊ မြိတ်မြို့နယ်တွင် ယနေ့ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန် အကြိုနေ့ နံနက် ၉ နာရီ အချိန်တွင် ကလွင်ကျေးရွာအုပ်စုရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ရေကစားမဏ္ဍပ်ကို လက်နက်ကိုင် ပျူစောထီးများ အပါဝင်သည့် အဖွဲ့ ဖြင့်  လုံခြုံရေး အတင်းအကျပ်ပ် ပြုလုပ်ကာ ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း ရပ်ကွက် ရာအိမ်မှူးများနှင့် နီးစပ်သူများထံက သိရ သည်။

ကလွင်ကျေးရွာနေ ဒေသခံ တစ်ဦးက“မဏ္ဍပ်က ဒီနေ့ မနက်က ဖွင့်လှစ်လိုက်တာပါ။ ရပ်ကွက် ရေကစား မဏ္ဍပ်ဆိုပေမယ့် အပြင်လူတွေတော့ သိပ်မဝင်ခိုင်းဘူးပေါ့”ဟု ပြောသည်။

အဆိုပါ ပိတောက်ရွှေဝါ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ဖွင့်ပွဲ အခမ်းအနား နေရာ ပတ်ပတ်လည်တွင် ပျူစောထီး၊ မီးသတ်တပ်ဖွဲ့နှင့် အရပ်ဝတ် လုံခြုံရေး အများ အပြားကို ချပြီး ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများထံက သိရ သည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly