မိုင်းဖုန်းဆရာတော် ကချင်သို့ ကြွရောက်

မိုင်းဖုန်းဆရာတော် ကချင်သို့ ကြွရောက်

မိုင်းဖုန်းဆရာတော်၏ ကချင်ပြည်နယ်ခရီးစဉ်အတွင်း ပထမဆုံးအနေဖြင့် မိုးညှင်းမြို့ကို ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ကြွရောက်လာခဲ့သည်။

ဧပြီလ ၁၂ ရက်နေ့ ညနေပိုင်းတွင် မိုးညှင်းမြို့ ထီးလင်းဘုရား ပုရဝုဏ်အတွင်း၌ ဒေသခံများကို တရားဟောကြားခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ (Palm Spring Resort Myitkyina) တွင် သီတင်းသုံးပြီး တရားချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် မြစ်ကြီးနား - ဝိုင်းမော်တွင် နှစ်ရက်ကြာ  တရားဟောကြားတော်မူမည်ဖြစ်ကြောင်း ဆရာတော်၏ ဒကာများက မဇ္ဈိမကို ပြောသည်။

မိုင်းဖုန်းဆရာတော်သည် မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဝိုင်းမော် ၊ ပူတာအိုနှင့် ဧရာဝတီမြစ်အရှေ့ခြမ်း ဗန်းမော်၊ မိုးမောက် ၊ မံစီဒေသအထိ ကြွချီမည် ဖြစ်ကြောင်းလည်း မဇ္ဈိမက ကနဦးစုံစမ်း သိရှိရသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly