မန်ချက်စတာယူနိုက်တက်တို့ တတိယအကြိမ်မြောက် ကမ်းလှမ်းမှုတွေကို ဖိတ်ခေါ်

မန်ချက်စတာယူနိုက်တက်တို့ တတိယအကြိမ်မြောက် ကမ်းလှမ်းမှုတွေကို ဖိတ်ခေါ်

မန်ချက်စတာယူနိုက်တက်အတွက် ပြိုင်ဖက်ကမ်းလှမ်းသူတွေဟာ တတိယအကြိမ်အမြောက် ကမ်းလှမ်းကို ဧပြီလကုန်မှာ တင်သွင်းဖို့ ဖိတ်ခေါ်ခံထားကြောင်း သတင်းတွေက ဆိုပါတယ်။

ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျာဆင်း ဘင်ဟာမက် အယ်သာနီနဲ့ ဗြိတိန်ဘီလျံနာ ဂျင်ရက်ကလစ်ဖ်တို့ နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့လက ပရီးမီးယားလိဂ်ကလပ်အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှုတင်သွင်းခဲ့ကြပါတယ်။

မကြာသေးမီရက်သတ္တပတ်တွေအတွင်း ကမ်းလှမ်းမှုအများအပြားကို လက်ခံရရှိခဲ့တယ်လို့ နားလည်ထားပေမယ့်လည်း ရှိတ်ဂျာဆင်းနဲ့ ရက်ကလစ်ဖ်တို့ဟာ ၂၀၀၅ မှာ ယူနိုက်တက်ကို ပေါင်သန်း ၇၉၀ (ဒေါ်လာသန်း ၉၈၀)နဲ့ ဝယ်ယူခဲ့တဲ့ ဂလေဇာတွေဆီကနေ အသင်းကို ပိုင်ဆိုင်ရယူဖို့ ရှေ့ပြေးဦးဆောင်သူတွေအဖြစ် ရှိနေဆဲပါ။

ယူနိုက်တက်ရဲ့ လူကြိုက်များခြင်းမရှိတဲ့ ပိုင်ရှင်တွေဟာ ကလပ်ကို ရောင်းချဖို့ ရွေးချယ်မှုတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနေပြီး ဗျူဟာမြောက် ပြန်လည်သုံးသပ်မှုကို လုပ်ဆောင်နေကြောင်း နိုဝင်ဘာလက ကြေညာခဲ့ပါတယ်။

ငယ်ဘ၀ ယူနိုက်တက်ပရိသတ်တစ်ဦးဖြစ်တဲ့ ရက်ကလစ်ဖ်ဟာ ဂလေဇာရဲ့ ရှယ်ယာ ၆၉ ရာခိုင်နှုန်းကို ပေါင်းစပ်ဝယ်ယူဖို့ ဆန္ဒရှိနေခိုက်မှာ ကာတာအုပ်စုက ကလပ်ရဲ့ ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်ခွင့်အတွက် ပေါင် ၅ ဘီလီယံခန့်နဲ့ ကမ်းလှမ်းမှုတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်တွေရဲ့ တောင်းဆိုဈေးဟာ ဒေါ်လာ ၆ ဘီလီယံဝန်းကျင် ရှိတယ်လို့ ယူဆရပြီး ဒါဟာ အကြိမ် ၂၀ ရ အင်္ဂလိပ်ချန်ပီယံတွေကို သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး အားကစားကလပ်ဖြစ်လာစေမယ့် ကိန်းဂဏန်းတစ်ခုဖြစ်ပါတယ်။

ဖင်လန်စီးပွားရေးလုပ်ငန်းရှင် သောမတ်စ် ဇီလီယာကုစ်ဟာ ပြီးခဲ့တဲ့လက ဒီကမ်းလှမ်းမှုမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမေရိကန် Hedge fund* အဖွဲ့ Elliott Investment Management ကလည်း ရှယ်ယာအနည်းစုအစုအတွက် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ဂလေဇာတွေဟာ လွန်ခဲ့တဲ့ ၁၈ နှစ်အတွင်း ကြီးမားတဲ့ ကြွေးမြီတွေနဲ့ ကလပ်ကို ဝန်ထုပ်ဝန်ပိုးပိစေခြင်းဖြင့် ယူနိုက်တက်ပရိသတ်အများအပြားကို ဒေါသထွက်စေခဲ့ပါတယ်။

သူတို့ဟာ နိုဝင်ဘာလမှာ ပြင်ပရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်တဲ့အခါ ကြီးမားတဲ့ အမြတ်အစွန်းတစ်ခုဖြင့် ငွေထုပ်ပိုက်ဖို့ အဆင်သင့်ဖြစ်နေပေမယ့်လည်း သူတို့ဟာ ထိန်းချုပ်ထားတဲ့ အစုရှယ်ယာကို ရောင်းချဖို့ ရွေးချယ်မှုကို ငြင်းပယ်ထားနိုင်သေးပါတယ်။

(AFP)
* ပိုင်ဆိုင်ထားသည့် ငွေကြေး၊ ပစ္စည်းများ၏ တန်ဖိုးတိုးပွားလာရေး၊ ဈေးနှုန်းမကျဆင်းစေရေးအတွက် အကာအကွယ်၊ အထောက်အခံပြုလုပ်ပေးသည့် ငွေကြေးဝန်ဆောင်အဖွဲ့ - ref; Yangon Stock News

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required