စစ်ကောင်စီထံ မှတ်ပုံတင်ထားသောပါတီများကို မတရားအသင်းအဖြစ် ချင်းကာကွယ်ရေးအဖွဲ့ကြေညာ

By ပါခွီး (မဇ္ဈိမ)
11 April 2023
စစ်ကောင်စီထံ မှတ်ပုံတင်ထားသောပါတီများကို မတရားအသင်းအဖြစ် ချင်းကာကွယ်ရေးအဖွဲ့ကြေညာ

အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံတင်ထားသောပါတီများကို မတရားအသင်းဖြစ် ချင်းလဲန်း ကာကွယ်ရေးတပ်ဖွဲ့(ဟားခါးကောင်စီ) CDF – Hakha Council က ဧပြီလ ၁၁ ရက် ယနေ့ထုတ်ပြန် ကြေညာလိုက်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ကကြေညာထားသည့်အတိုင်း တိုင်းပြည်နှင့်လူမျိုးအကျိုးထက် မိမိ ပါတီရှင်သန်ရေးရှေးရှုကာ စစ်အာဏာရှင် သက်ဆိုးရှည်နိုင်ရေးအတွက် အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံတင်ထားသောပါတီများကို မတရားအသင်းအဖြစ်ကြေညာလိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။

အာဏာရှင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ပတ်သက်သူများအပေါ် လိုအပ်သောအရေးယူမှု များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

ဧပြီလ ၁၀ ရက် ယမန်နေ့ကလည်း အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ဝင်သောဝန်ထမ်းများနှင့် ဟားခါး မြို့သို့ ပြောင်းရွှေ့လာသော ဝန်ထမ်းများအားလုံးလိုက်နာရန် CDF – Hakha Council က အမိန့်ညွှန် ကြားစာ ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း အသစ်ဝင်လာသော စစ်ကောင်စီဝန်ထမ်းနှင့် အခြားနယ် မှ ဟားခါးမြို့နယ်သို့ ပြောင်းရွှေ့လာသောဝန်ထမ်းများအားလုံး ၂၀၂၃ ခုနှစ် မေလမကုန်မီ ပြည်သူပိုင်အိမ် ရာမှဆင်းကာ ရွှေ့ပြောင်းလာသူများသည် ဟားခါးမြို့မှ ထွက်ခွာပေးရမည်ဖြစ်ကြောင်း ဆိုသည်။

အမိန့်လိုက်နာခြင်းမရှိပါက လိုအပ်သလိုအရေးယူမည်ဖြစ်ပြီး မတော်တဆမှုတခုခုဖြစ်ပါက တာဝန်ယူ မည်မဟုတ်ကြောင်း ကြိုတင်သတိပေးလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်

#မတရားအသင်း

#CDF–Hakha_Council

#နိုင်ငံရေးပါတီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly