ဗားရ်စခန်းသိမ်းတိုက်ပွဲ ရုပ်သံကို CNDF ထုတ်ပြန်

ဗားရ်စခန်းသိမ်းတိုက်ပွဲ ရုပ်သံကို CNDF ထုတ်ပြန်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ၁၂ မိုင်အကွာတွင်ရှိသည့် စစ်ကောင်စီအထိုင်စခန်းတစ်ခုဖြစ်သော ဗားရ်တပ်စခန်းသိမ်းတိုက်ပွဲ ရုပ်သံကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ထုတ်ပြန်လာသည်။

၎င်းစခန်းကို ဧပြီလ ၁၀ ရက်နေ့တွင် CNDF တပ်ဖွဲ့မှဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့နိုင်ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်ကြီးအပါအဝင် တပ်သား ၁၄ ဦးသေဆုံးခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်သား ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းနိုင်ခဲ့သည့်လက်နက်များမှာ MA1 သုံးလက် ၊ MA2 တစ်လက် ၊ MA3 နှစ်လက် ၊ MA 4 တစ်လက် ၊ G3 ၁၂ လက် ၊ MA ကျည်ဘောက် ၂၀ ခု၊ ၆၀ မမ စိန်ပြောင်း နှစ်လက် ၊ ၆၀ မမ ကျည် ၅၈ ခု၊ အီနာဂါ ရှစ်ခု ၊ G3 ကျည်ဘောက် ၃၇ ခု၊ တိုက်မိုင်း ၁၀ ခု ၊ ၄၀ မမ ကျည် ၃၃ လုံး ၊ လက်ပစ်ဗုံး ၁၂ လုံး၊ ရှေ့ထွက်မိုင်း ၅၀ လုံး၊ နင်းမိုင်း ၅၀၀ ၊ MA ကျည် ၁,၀၀၀ ကျော်၊ G3 ကျည် ၂,၅၀၀ ကျော် သိမ်းဆည်းမိခဲ့ခြင်းဖြစ်သည်။

ယင်းနောက်  ဗားရ်စခန်းကို မီးရှို့ဖျက်ဆီးကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ ဘက်မှ ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly