အပစ်ရပ်လက်မှတ်ထိုးအပြီး ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွင် မြေသိမ်းမှု အများဆုံးဟုဆို

အပစ်ရပ်လက်မှတ်ထိုးအပြီး ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွင် မြေသိမ်းမှု အများဆုံးဟုဆို

ရန်ကုန်၊ ဇွန် ၃၀ ။        ။ မြန်မာနိုင်ငံတောင်ပိုင်းတလျှောက် ကရင်ပြည်နယ်အတွင်း  ၂၀၁၂ ခုနှစ်မှစတင်ကာ နှစ်နှစ်ကျော် စစ်တမ်းကောက်ယူခဲ့ရာ အစီရင်ခံစာ ၄၈၄စောင်တွင်  ၁၂၆စောင်သည် မြေယာသိမ်းဆည်းမှုကိစ္စများ ဖြစ်သည်ဟု ကရင် လူ့အခွင့်အရေးအဖွဲ့မှ ကွင်းဆင်းလေ့လာသူ  ညွှန်ကြားရေးမှူး အဲလ်ဘတ်က မဇ္ဈိမကိုပြောသည်။

ယင်းအစီရင်ခံစာတွင် မြန်မာပြည် အရှေ့တောင်ပိုင်းရှိ မြေယာသိမ်းဆည်းမှုကြောင့် ရွာသားများ ခံစားနေရသည့် အခက်ခဲများကို သိရှိရန်အတွက် ဇွန် ၃၀ရက်က "ကျွန်ုပ်တို့ရွာသားများ ပြောသည့် အသံတစ်ခုတည်းဖြင့် ဘာများ ဖြစ်လာနိုင်မည်နည်း" ခေါင်း စဉ်ဖြင့် အစီရင်ခံစာကို Orahid hotel တွင် သတင်းစာရှင်းပွဲကို  ပြုလုပ်ကျင်းပခဲ့သည်။

ယင်းအစီရင်ခံစာကို ကရင်ပြည်နယ်၊ တနသာၤရီတိုင်း၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်း အပါအဝင် ကရင်ပြည်နယ်ရှိ ခရိုင်ပေါင်း ခုနှစ်ခုတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလအထိကို ကရင်လူ့အခွင့်အရေးအဖွဲ့ မှကောက်ယူမှု ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။

ယင်းဒေသများတွင် လမ်း၊ တံတား၊ ရေကာတာ နှင့် အခြား ဆောက်လုပ်မှုများ ပါဝင်သော အခြေခံအဆောက်အအုံ ဆိုင်ရာ လုပ်ငန်းများ၊ တွင်းထွက် ပစ္စည်းများနှင့် သတ္ထု တူးဖော်မှုများ ပါဝင်သော သဘာဝ သယံဇာတ တူးဖော်ရေး လုပ်ငန်းများ၊ ဈေးကွက် စီးပွားရေးအတွက် ရာဘာ၊ ဆီအုန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ စစ်ဘက်ဆိုင်ရာ အသုံးပြုမှုများအတွက် မြေယာသိမ်း ယူခြင်းများ ဖြစ်ပွားခဲ့ကြောင်း အဲလ်ဘတ်ကပြောသည်။

မြေယာပြဿနာများသည် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်ပိုင်းတွင် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြဿနာ များ ဖြစ်ပြီး ဖွံ့ဖြိုးရေး  စီမံကိန်းများ ဝင်ရောက်လာမှုများရှိ၍  အတင်းအဓမ္မ နေရာပြောင်းရွေ့မှုများ ရှိလာသည်ဟု ဆိုသည်။ စစ်တမ်းကောက်ယူမှုများအရ ကရင်ပြည်နယ်အတွင်း ဧက တစ်သောင်းနီးပါးခန့်က ရွှေ့ပြောင်းခံနေရသည်ဟု ၎င်းကပြောသည်။

ယင်းဒေသများတွင် မြေသိမ်းဆည်းခံရခြင်းသည့် ကုမ္ပဏီများမှ အာဏပိုင်များနှင့်ပေါင်း၍ စီမံကိန်းများဆောက်လုပ်ရန်နှင့် စစ်တပ်များမှ နယ်ခြားစောင့်တပ်များ ဆောက်လုပ်ရန် အတွက် လယ်မြေများ သိမ်းဆည်းခံရခြင်းဖြစ်သည်ဟု ကရင် လူ့အခွင့်အရေးအဖွဲ့မှ စည်းရုံးရေးမှူး ကိုဝေလေးက မဇ္ဈိမကိုပြောသည်။

စီမံကိန်းနယ်မြေအတွင်းနေရသည့် ရွာသူရွာသားများအနေဖြင့် လယ်ယာမြေများကို ဘိုးစဉ်ဘောင် အဆက်ဆက်မှ လုပ်ကိုင်လာသဖြင့် မြေယာပိုင်ဆိုင်ကြောင့် အထောက်အထားမရှိသည့်အတွက် မြေယာသိမ်းဆည်းခံရသောလည်း  နစ်နာမှု ငွေကြေးတစ်စုံတစ်ရာ မျှမရခဲ့ဟု ၎င်းကပြောသည်။

ကရင်လူ့အခွင့်အရေး အဖွဲ့သည့် ၁၉၉၂ ခုနှစ်မှစတင်ဖွဲ့စည်းခဲ့ပြီး ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို  စစ်တမ်းကောက်ယူခဲ့ပြီး ရရှိလာသည့် အချက်အလက်များကို  အစီရင်ခံစာများရေးသားခြင်းဖြင့် အစိုးရနှင့် ပြည်သူလှုထုကို စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ပေးသည့် အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly