ဖလမ်းမြို့နယ်အတွင်းမှ စစ်ကောင်စီ၏ ဗားရ်စခန်းကို CNDF စီးနင်းသိမ်းပိုက်၊ စစ်ကောင်စီတပ်မှ ၁၄ ဦး သေဆုံးပြီး ၁၁ ဦး ဖမ်းဆီးခံရ

By ပါခွီး (မဇ္ဈိမ)
10 April 2023
ဖလမ်းမြို့နယ်အတွင်းမှ စစ်ကောင်စီ၏ ဗားရ်စခန်းကို CNDF စီးနင်းသိမ်းပိုက်၊ စစ်ကောင်စီတပ်မှ ၁၄ ဦး သေဆုံးပြီး ၁၁ ဦး ဖမ်းဆီးခံရ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ဗားရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်စီး နင်းသိမ်းပိုက်ခဲ့ပြီး ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ဖမ်းဆီးခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)က ထုတ်ပြန်လိုက်သည်။

ဧပြီလ ၁၀ ရက် ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ဖလမ်းမြို့နှင့် ၁၂ မိုင်အကွာတွင်ရှိသော ဗားရ် တပ် စခန်းကို တစ်နာရီခွဲခန့်တိုက်ခိုက်ခဲ့ပြီး စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း ဆိုသည်။

အဆိုပါစခန်းတွင် တာဝန်ကျနေသော စစ်ကောင်စီတပ်သား ၂၅ ဦးအနက် ၁၁ ဦးသည် တိုက်ပွဲအတွင်း ကျဆုံးခဲ့ပြီး ၁၄ ဦးအား အရှင်လက်ရဖမ်းဆီးခဲ့သော်လည်း ဗိုလ်ကြီးအဆင့်အပါအဝင်သုံးဦးမှာ ရရှိထား သော ဒဏ်ရာပြင်းထန်သဖြင့် လမ်းခုလပ်တွင် ထပ်မံသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

“ဒီဗားရ်စခန်းက ပြည်သူလူထုကို အနှောက်ယှက်ပေးတဲ့စခန်းဖြစ်တယ်။ ခရီးသွားပြည်သူတွေကို အတင်း အကြပ်စစ်ဆေးတာနဲ့ အဓမ္မပိုက်ဆံကောက်တာမျိုးတွေ လုပ်ဆောင်တာရှိတယ်။ ပြည်သူလူထုအတွက် ဒီစခန်းက ဒီလမ်းမကြီးပေါ်မှာရှိနေတဲ့အတွက် အနှောင့်အယှက်တော်တော်ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ တိုက်တာပါ” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ Silai Cung Ngai က မဇ္စျိမကို ပြောသည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ MA1 သုံးလက် ၊ MA2 တစ်လက် ၊ MA3 နှစ်လက် ၊ MA 4 တစ်လက် ၊ G3 ၁၂ လက် ၊ MA ကျည်ဘောက် ၂၀ ၊ ၆၀ မမ စိန်ပြောင်း နှစ်လက် ၊ ၆၀ မမ ကျည် ၅၈ ခု၊ အီနာဂါ ရှစ်ခု ၊ G3 ကျည်ဘောက် ၃၇ ခု၊ တိုက်မိုင်း ၁၀ ခု ၊ ၄၀ မမ ကျည် ၃၃ လုံး ၊ လက်ပစ်ဗုံး ၁၂ လုံး၊ ရှေ့ထွက်မိုင်း ၅၀ လုံး၊ နင်းမိုင်း ၅၀၀ ၊ MA ကျည် ၁၀၀၀ ကျော်၊ G3 ကျည် ၂၅၀၀ ကျော် သိမ်းဆည်းမိခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ပြည်သူတစ်ဦးသေဆုံးပြီး CNDF မှ ရဲဘော်တစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက် မွန်မြတ်စွာ အသက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းသို့ စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကလေကြောင်းမှ ဗားရ်သို့ ဗုံးခြောက်လုံးကြဲခဲ့ပြီး မွန်းလွဲပိုင်းတွင် တိုက်ပွဲနှင့်မသက်ဆိုင်သော ဖလမ်းမြို့နယ် ဝေဘူလမြို့ကို ဗုံးနှစ်လုံးချတိုက်ခိုက်ရာ အရပ်သား ကိုးဦးသေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်

#ဖလမ်းမြို့နယ်

#ဗားရ်စခန်း

#CNDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly