ဘရက်ဆဲလ် အကြမ်းဖက်မှုအတွက် အဓိကအလိုရှိနေသူကို မိပြီ

ဘရက်ဆဲလ် အကြမ်းဖက်မှုအတွက် အဓိကအလိုရှိနေသူကို မိပြီ

ဘရက်ဆဲလ်၊ မတ်၊ ၂၃ ။             ။ ယမန်နေ့က ဘယ်လ်ဂျီယံနိုင်ငံ၏မြို့တော် ဘရက်ဆဲလ်တွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်တိုက်ခိုက်မှုများအတွက် အဓိကအလိုရှိနေသူတစ်ဦးကို ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က ဖမ်းဆီးရမိသွားပြီ ဖြစ်သည်။

ယခုဖမ်းမိခဲ့သူမှာ နာဂျင်မ်လာချာဝီ ဆိုသူဖြစ်ပြီး ဇာဗင်တမ်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု များတွင် အဓိကပါဝင်ခဲ့သူတစ်ဦးအဖြစ် ရဲတပ်ဖွဲ့ကအလိုရှိနေသူဖြစ်သည်။

လာချာဝီသည် အသေခံဗုံးခွဲခဲ့သည့် ညီအစ်ကိုနှစ်ဦးနှင့်အတူ လေဆိပ်ထဲသို့ ဝင်သွားခဲ့ကြောင်း လေဆိပ်လုံခြုံရေး ဗွီဒီယိုမှတ်တမ်းများတွင် တွေ့ရှိရပြီး ၎င်းသည် မူလကအသေခံဗုံးခွဲရန် စီစဉ်ထားသော်လည်း အစီအစဉ်အတိုင်းမလုပ်ဘဲ လေဆိပ်ထဲတွင် ဗုံးထောင်ထားခဲ့ကာပြန်ထွက်သွားခြင်း ဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။

လေဆိပ်အတွင်းအသေခံဗုံးခွဲသွားခဲ့သူ ညီအစ်ကိုနှစ်ဦးမှာ ခါလစ်နှင့် ဘာခါဝီ ဟုအမည်ရသော ဘယ်လ်ဂျီယံ နိုင်ငံသားများဖြစ်ကြပြီး ယခင်ကအကြမ်းဖက်မှုနှင့်ဆက်စပ်သော မှတ်တမ်းမရှိသူများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly