စစ်ကောင်စီသင်္ကြန်မဏ္ဍပ်များ တိုက်ခိုက်ခံနေရ

စစ်ကောင်စီသင်္ကြန်မဏ္ဍပ်များ တိုက်ခိုက်ခံနေရ

စစ်ကောင်စီက ဒီနှစ် ၂၀၂၃ သင်္ကြန်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေ အပါအဝင် သူတို့ ထိန်းချုပ်လို့ရတဲ့ မြို့တွေမှာ သင်္ကြန်မဏ္ဍပ်တွေနဲ့ လမ်းလျှောက်သင်္ကြန်ပွဲတွေ စည်စည်ကားကားကျင်းပဖို့ ပြင်ဆင်နေပါတယ်။

စစ်ကောင်စီက ကျင်းပမယ့်သင်္ကြန်ကို လက်မခံကြောင်း ပြသတဲ့အနေနဲ့ ရန်ကုန်တိုင်း လွှတ်တော်ရှေ့ ပြည်လမ်းပေါ်မှာ စစ်ကောင်စီဆောက်လုပ်ထားတဲ့ တိုင်းဗဟိုမဏ္ဍပ်ကို စစ်အာဏာဆန့်ကျင်ရေး လှုပ်ရှားနေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Dark Shadow အဖွဲ့က ဧပြီလ ၈ ရက်နေ့မှာ တိုက်ခိုက်ခဲ့ပါတယ်။ 

အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုအပြီး နောက်တစ်ရက်မှာပဲ စမ်းချောင်းရဲစခန်းရှေ့က မြို့နယ်ရေကစားမဏ္ဍပ်ကိုလည်း ထပ်မံ တိုက်ခိုက်ခဲ့ရပါတယ်။

ဒါကြောင့်မို့လို့ ဌာနဆိုင်ရာမမဏ္ဍပ်တွေနား မသွားကြဖို့နဲ့၊ စစ်ကောင်စီရဲ့သင်္ကြန်မှာ ဝင်ရောက်မပါဝင်ကြဖို့ ပြည်သူတွေကိုလည်း သတိပေးထားပါတယ်။

လက်ရှိမှာတော့ ‌ရန်ကုန်အပါအဝင် နယ်မြို့အများစုမှာ အာဏာပိုင်တွေဘက်ကစီစဉ်တဲ့ မဏ္ဍပ်‌တစ်ဝိုက် စစ်ကောင်စီယာဉ် အချို့ရှိနေသလို တချို့နေရာတွေမှာ ကင်းလှည့်တာနဲ့ လုံခြုံရေးယူပေးတာတွေအထိ ရှိတယ်လို့ မျက်မြင် မြို့ခံတွေကပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly