SSTF လူငယ်တွေဦးဆောင်ပြီး FGC 9 ကာကွယ်ရေး ပြောင်းရှည်သေနတ်ထုတ်လုပ် (ရုပ်/သံ)

By KMN (မဇ္ဈိမ)
10 April 2023
SSTF လူငယ်တွေဦးဆောင်ပြီး FGC 9 ကာကွယ်ရေး ပြောင်းရှည်သေနတ်ထုတ်လုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အခြေစိုက်တဲ့ Salingyi Special Task Force တပ်ဖွဲ့ ဝင်လူငယ်ငါးဦး  ဦးဆောင်ပြီး FGC 9 ကာကွယ်ရေး ပြောင်းရှည်သေနတ်ကို အောင်မြင်စွာ ထုတ်လုပ် နိုင်ခဲ့တယ်လို့ SSTF တာဝန်ခံက မဇ္ဈိမကိုပြောပါတယ်။

FGC 9 , MK II - Stingray edition ပြောင်းရှည် အမျိုးအစားသေနတ်ဟာ မီတာ (၁၀၀) ဝန်းကျင် ပစ်ခတ် နိုင်ပြီး ၉ မမ ကျည်ကို အသုံးပြုထားတဲ့ Semi-Auto သေနတ်ဖြစ်တယ်လို့ သိရပါတယ်။

အဆင့်မြင့်သေနတ် ဆက်လက်ထုတ်ဖို့အတွက် နည်းပညာရှင်တွေလိုအပ်နေပြီး တော်လှန်ရေးအတွက် နားလည်တတ်ကျွမ်းသူတွေ လိုအပ်နေတယ်လို့ SSTF တာဝန်ခံက ပြောပါတယ်။

တင်ဆက်၊တည်းဖြတ်-KMN

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly