ထိုင်းနိုင်ငံက ၂၀၂၉ တွင် သက်ကြီးရွယ်အို များပြားသော လူ့အဖွဲ့အစည်း ဖြစ်လာမည် 

By Bangkok Post 
09 April 2023
ထိုင်းနိုင်ငံက ၂၀၂၉ တွင် သက်ကြီးရွယ်အို များပြားသော လူ့အဖွဲ့အစည်း ဖြစ်လာမည် 
(Photo: Varuth Hirunyatheb)

ထိုင်းနိုင်ငံသည် ကုန်လွန်ခဲ့သည့် သုံးနှစ်အတွင်း လူဦးရေ ကျဆင်းခြင်းကြောင့် ၂၀၂၉ ၌ သက်ကြီးရွယ်အို များပြားသော လူ့အဖွဲ့အစည်း ဖြစ်လာရန် မျှော်လင့်ရကြောင်း Kasikorn Research Centre (KResearch) ၏ သုတေသနအရ သိရသည်။ 

၂၀၂၀ နှင့် ၂၀၂၂ ကြားတွင် ကလေးမွေးဖွားနှုန်းလည်း ကျဆင်းခဲ့သည်ဟု အဆိုပါ သုတေသနက ဖော်ပြထားသည်။ 

ကလေးမွေးဖွားနှုန်းသည် ကပ်ဘေး စတင်ချိန် ၂၀၂၀ တွင် သိသိသာသာ ကျဆင်းပြီး နောက်နှစ်နှစ်တွင်လည်း ဆက်လက်ကျဆင်းကာ ယင်းကာလအတွင်း သေဆုံးမှုနှုန်းက မြင့်တက်ကြောင်း သုတေသနပညာရှင်များက ပြောသည်။ 

အခြေအနေအား ပို၍ ဆိုးစေခြင်းအဖြစ် နိုင်ငံ၏ ကလေးမွေးဖွားနှုန်းသည် လက်ရှ၌ တစ်နှစ်လျှင် ၀ ဒသမ ၇၆ ရာခိုင်နှုန်းရှိပြီး ဆယ်ကျော်သက်ဦးရေက လူဦးရေ၏ ၁ ဒသမ ၃၃ ရာခိုင်နှုန်းသာ ရှိနေသည်။ 

အဆိုပါ နှုန်းထားကြောင့် ထိုင်းနိုင်ငံအတွင်း လူဦးရေ ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းကို ကျုံ့သွားစေပြီး လူဦးရေ ပေါက်ကွဲချိန် ၁၉၆၃ မှ ၁၉၈၃ ကြား မွေးဖွားသူများ၏ တစ်သန်းကျော်ခန့်သည် ယခုနှစ်တွင် အသက် ၆၀ အရွယ်များ ဖြစ်လာကြမည် ဖြစ်သည်။ 

ကပ်ဘေးနှင့် ဘဏ္ဍာရေး အခြေအနေပေါ် ပြည်သူများ၏ စိတ်မချခြင်းများကဲ့သို့ အကြောင်းအချက်များစွာက လူဦးရေ ကျဆင်းမှုကို ဖြစ်စေသည်ဟု သုတေသီများက ပြောကြသည်။ 

နောက်ထပ် အကြောင်းတစ်ချက်မှာ အချို့သောသူများက ကလေးမယူကြခြင်းသည်ဟု နှုန်းထားအပေါ် သက်ရောက်မှု ရှိနေခြင်း ဖြစ်သည်။ 

ယင်းကိစ္စရပ်သည် နိုင်ငံ ကြုံရမည်ဖြစ်သော စိန်ခေါ်မှု ဖြစ်လာနိုင်ပြီး စီးပွားရေးတင်မက အစိုးရပေါ်လစီများကိုပါ ရိုက်ခတ်နိုင်သည်ဟု KResearch က ပြောသည်။ 

စီးပွားရေးလုပ်ငန်းကိုင်ငန်းများအနေဖြင့် လူဦးရေကျဆင်းခြင်းကြောင့် စိန်ခေါ်မှု အခြေအနေမျိုးကို ရင်ဆိုင်နေရပြီဟု ယင်းသုတေသနအဖွဲ့က ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required