နယ်ဖြတ်ကျော် မြူဆိုင်းမှုအရေး ထိုင်း၊ လာအိုနှင့် မြန်မာတို့ ဆွေးနွေး 

By Vietnam Plus 
09 April 2023
နယ်ဖြတ်ကျော် မြူဆိုင်းမှုအရေး ထိုင်း၊ လာအိုနှင့် မြန်မာတို့ ဆွေးနွေး 
Haze cover Chiang Mai, Thailand (Photo: AFP)

ဒေသတွင်း နယ်ဖြတ်ကျော် မြူဆိုင်းမှု ပြဿနာအား ကိုင်တွယ်ဖြေရှင်းရေးအတွက် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် လာအိုက ဂုဏ်ရည်တူ ဝန်ကြီးချုပ် ဆိုနီဆေး စီဖန်ဒိုနီနှင့် မြန်မာ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်တို့နှင့် အွန်လိုင်းအစည်းအဝေးတစ်ရပ်ကို ဧပြီ ၇ ရက်က သဘာပတိမူ ကျင်းပခဲ့သည်။ 

အဆိုပါ အစည်းအဝေးတွင် ယင်း ပြဿနာအား ဖြေရှင်းရေး ထိရောက်သော လုပ်ငန်းစဉ်အဖြစ် Clear Sky Strategy အစီအစဉ်အား ပရာယွတ်က အဆိုပြုခဲ့သည်။ 

အဆိုပါ မဟာဗျူဟာအရ ၂၀၁၇ ခုနှစ်က မဲခေါင် ငါးနိုင်ငံ ပြဋ္ဌာန်းခဲ့သော Chiang Rai Plan အစီအစဉ်အားဖြင့် မြူဆိုင်းသော ညစ်ညမ်းမှုများ လျှော့ချရေးကို သုံးနိုင်ငံစလုံးက ဖော်ဆောင်ရမည် ဖြစ်သည်။ 

ထိုင်းနိုင်ငံအနေဖြင့် လာမိုနှင့် မြန်မာတို့မှ ဒေသအဆင့်များနှင့် ပူးပေါင်းကာ နယ်ဖြတ်ကျော် မြူဆိုင်းသည့် လေထုညစ်ညမ်းမှုများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပရာယွတ်က မှတ်ချက်ပြုသည်။ 

ထိုင်းမြောက်ပိုင်းတွင် လေထုညစ်ညမ်းမှုသည် ရက်များစွာ ကြာမြင့်ခဲ့ပြီး ဒေသခံများနှင့် ဧည့်သည်များအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပွားပေါ်ပေါက်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly