ရခိုင်မှာ နိုင်ငံရေးအမြတ်ထုတ်ဖို့ကြိုးစားနေတဲ့ စစ်ခေါင်းဆောင်

ရခိုင်မှာ နိုင်ငံရေးအမြတ်ထုတ်ဖို့ကြိုးစားနေတဲ့ စစ်ခေါင်းဆောင်

ဒီဘက်နှစ်ထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ရခိုင်ပြည်နယ်ကိုတစ်လတစ်ခေါက်နှုန်းလောက်သွားနေတာ တွေ့ရပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာရခိုင်ပြည်နယ်၊ သံတွဲမြို့ကိုစတင်သွားရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နဲ့ မတ်လ ၃၀ ရက်တို့မှာစစ်တွေမြို့ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ရခိုင်ပြည်နယ်ခရီးစဉ်တွေဟာ သာမန်အခြေအနေမျိုးတော့မဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ စစ်ကောင်စီ တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ အလွတ်သဘောအပစ်အခတ်ရပ်ပြီး နောက်ပိုင်း စစ်ခေါင်းဆောင်ရဲ့ ရခိုင်ခရီးစဉ် တွေကိုခပ်စိပ်စိပ်တွေ့လာရတာဖြစ်ပါတယ်။

ဒီခရီးစဉ်တွေမှာ စစ်ခေါင်းဆောင်ကတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းတွေဘယ်လိုချမှတ်ပြီး ဆောင်ရွက် နေတဲ့အကြောင်းရွှန်းရွှန်းဝေအောင်ပြောထား ပါတယ်။

ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ခေါင်းဆောင်အနေနဲ့ ရက္ခိုင့်တပ်တော်(AA) နဲ့အပစ်အခတ် ရပ်ထားတာကိုအခွင့်ကောင်းယူပြီး ရခိုင်ဒေသမှာ စစ်ရေး၊ နိုင်ငံရေးအမြတ်ထုတ်ဖို့ကြိုးစားနေတာ ဖြစ် တယ်လို့ဆိုထားကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly