CDF-Senthang ၏ ဒုတိယအကြိမ်မြောက် အရန်တပ်ဖွဲ့သင်တန်းပြုလုပ်

By မောင်ခက်နွေ (မဇ္ဈိမ)
08 April 2023
CDF-Senthang ၏ ဒုတိယအကြိမ်မြောက် အရန်တပ်ဖွဲ့သင်တန်းပြုလုပ်
Photo – CDF-Senthang

ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် ချင်းကာကွယ်ရေးတပ် CDF-Senthang က ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် အရန်တပ်ဖွဲ့ သင်တန်းကို အောင်မြင်စွာပြုလုပ်သည်ဟု ယမန်နေ့ ဧပြီလ ၇ရက်နေ့တွင် CDF-Senthang က ထုတ်ပြန်ထားသည်။ 

“သင်တန်းဖြစ်မြောက်နိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးသူအားလုံးအပေါ် ကျေးဇူးတင်ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပထမအကြိမ် အရန်တပ်ဖွဲ့သင်တန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြီးဆုံးခဲ့သည်ဟု သိရသည်။ 

CDF-Senthang သည် ချင်းအမျိုးသားတပ်ဦး-ချင်းအမျိုးသားတပ်မတော်(CNF/CNA) ၏ လမ်းညွှန်ကွပ်ကဲမှုအောက်ရှိ အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

CDF-Senthang ကို၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ 

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly