“ဘီလူးစစ်ကြောင်းဟာ PDF တွေကို စိတ်ဓါတ်စစ်ဆင်ရေးလုပ်တာလို့ပဲ မြင်တယ်”

By ဂျူချန်း
08 April 2023
“ဘီလူးစစ်ကြောင်းဟာ PDF တွေကို စိတ်ဓါတ်စစ်ဆင်ရေးလုပ်တာလို့ပဲ မြင်တယ်”

မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် အမျိုးသမီးအဖွဲ့တစ်ခုဖြစ်သည့်T GR Women Drone Force အဖွဲ့သည် ၂၀၂၂ ဩဂုတ်လမှ စတင်ကာ စစ်ကောင်စီတပ်များအား ဒရုန်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်လျက်ရှိသည်။

အဆိုပါ မြောင်မြို့နယ်တွင် အမျိုးသမီးများအား စစ်ကောင်စီတပ်က ဖမ်းဆီးကာ အဓမ္မပြုကျင့်သည့် ဖြစ်စဉ်များ ရှိသည့်အပြင် စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့ဝင်များအား ခေါင်းဖြတ်သတ်ဖြတ်ခြင်းများလည်း လုပ်ဆောင်လျက်ရှိသည်။

“ ကျဆုံးပြီးသား ရဲဘော်တွေကို ခေါင်းဖြတ်တယ်။ ခြေဖြတ်၊ လက်ဖြတ်ပြီး လူမြင်မကောင်းအောင်လု ပ်တယ်။ ဒါတွေကို မြင်လိုက်ပြီဆို ငါတို့ကိုလည်း ဒီလိုလုပ်မှာပဲလို့ ကြောက်စိတ်ဝင်အောင် ထည့်နေတာလို့ မြင်တယ်။ စိတ်ဓာတ်စစ်ဆင်ရေးပေါ့” ဟု TGR Womne Drone Force အဖွဲ့ခေါင်းဆောင် ကျားခင်စိန် ကပြောသည်။

“အမျိုးသမီး အယောက် ၂၀ ကို ဖမ်းသွားပြီးတော့ အမျိုးသမီး ခုနစ်ယောက်ကို အဓမ္မပြုကျင့်တာမျိုးတွေ၊ ပြုကျင့်ပြီး ထားပစ်ခဲ့တာမျိုးတွေ ရှိတယ်ရှင့်” ဟု ကျားခင်စိန်က မဇ္ဈိမ ကိုပြောသည်။

သင်္ကြန်တွင်လည်း စစ်ကောင်စီ ဦးစီးကျင်းပသည့် နေရာများတွင် သွားရောက်ဆင်နွှဲခြင်း မပြုဘဲ ကျဆုံးသွားသည့် ရဲဘော်များကို စာနာသောအားဖြင့် မိမိတို့ ပတ်ဝန်းကျင်ရှိ အဝန်းအဝိုင်းတွင်သာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြရန်လည်း TGR Womne Drone Force အဖွဲ့ခေါင်းဆောင် ကျားခင်စိန်က တိုက်တွန်းထားသည်။

မေးမြန်း/တင်ဆက်= ဂျူချန်း

စာတည်း။ ။ အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required