ကလေးငယ်များအား သင်ကြားမှုအဆင့်တန်းမြင့်မားစေရန် ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်လှစ်

ကလေးငယ်များအား သင်ကြားမှုအဆင့်တန်းမြင့်မားစေရန် ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်လှစ်

စစ်တွေ၊ မတ် ၂၃ ။               ။ ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သူငယ်တန်း(KG)သင်ဆရာ/မများ လေ့ကျင့်သင်တန်းပေးရေး ရခိုင်ပြည်နယ်၊ နယ်အဆင့် နည်းပြသင်တန်းကို မတ်လ ၂၃ ရက် မှ ဧပြီလ ၇ ရက်အထိ စစ်တွေမြို့ အခြေခံပညာ အ.ထ.က (၄)တွင် သင်တန်းပို့ချလျက်ရှိသည်။

“သူငယ်တန်း (KG) ပညာရပ်ကို ဆောင်ရွက်ရခြင်းဟာ ကလေးတွေက မိမိကိုယ်ကိုယ်မိမိ ယုံကြည်အားကိုးသူများဖြစ်လာစေဖို့ အာဟာရဖွံ့ဖြိုးပြီးတော့ ကျန်းမာပျော်ရွှင်သူများဖြစ်လာစေဖို့ သင်္ချာအပါအဝင် အသိပညာတွေကို စိတ်အားထက်သန်စွာ လေ့လာသင်ယူသူတွေ ဖြစ်လာစေဖို့နှင့် မိမိပတ်ဝန်းကျင်ရဲ့အကျိုးကို ဆောင်ရွက်တတ်လာသူများ ဖြစ်လာစေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။” ဟု သင်တန်းမှူး ဆရာမ ဒေါ်အုန်းမြင့်က ပြောသည်။

ယခင်က ပညာရေးစနစ်ကို လေ့လာသုံးသတ်အကြံပြုချက်တွေအရ အသက် ၅ နှစ်ပြည်ပြီးသည့် ကလေးငယ်တိုင်း တပြေးညီ ပညာသင်ယူနိုင်မှုရှိစေရန် ရည်ရွယ်ပြီး ယခုသင်တန်းကို   ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆရာမ ဒေါ်အုန်းမြင့်က ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ရခိုင်ပြည်နယ် ၁၇ မြို့နယ်အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့တို့မှ တက်ရောက်သူဆရာ/မပေါင်း ၃၇၇ ဦးရှိပြီး ဗဟိုအဆင့် ကြီးကြပ်သူ ၂ ဦးနှင့် ပြည်နယ်နည်းပြ ၁၈ ဦးတို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly