ရွှေကူမြို့ စီသာတိုက်နယ်ကရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ (ရုပ်/သံ)

By KMN (မဇ္ဈိမ)
07 April 2023
ရွှေကူမြို့ စီသာတိုက်နယ်ကရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ စီသာတိုက်နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မြေပြင်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်နေပြီး ဧပြီ ၆ရက်နေ့က တုံးကောက်ရွာနဲ့ စီသောင်ရွာကို တိုက်လေယာဉ်တွေနဲ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ကချင်ပြည်နယ်၊ရွှေကူမြို့၊စီသာတိုက်နယ်ကို မတ်လ ၂၅ ရက်နေ့၊ မတ်လ ၃၀ ရက်နေ့နဲ့ ဧပြီလ ၅ ရက်၊ ၆ ရက်နေ့တို့မှာ  လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

စီသာတိုက်နယ်ထဲမှာ ကျေးရွာ ၁၂ ရွာဝန်းကျင်ရှိပြီး ထောင်နဲ့ချီတဲ့ဒေသခံ  တွေဟာ နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရွှေကူ KPDF ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)
ရုပ်သံတင်ဆက်၊တည်းဖြတ်-KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly