ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ထောင် ၆ နှစ်ချ

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ထောင် ၆ နှစ်ချ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပု ဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ဒီကနေ့မှာ မြစ်ကြီးနားထောင်တွင်းတရားရုံးက နေ စစ်ကောင်စီက ထောင်ဒဏ်ခြောက်နှစ် အမိန့်ချ မှတ်လိုက်တယ်လို့ ကနဦးစုံစမ်းသိရှိရပါတယ်။

မဇ္ဈိမသတင်းဌာနအနေနဲ့ အမှုအခြေအနေအသေးစိတ်ကို သိရှိဖော်ပြနိုင်ဖို့အတွက် မြေပြင်သတင်းအဖွဲ့မှ မေးမြန်းနေဆဲဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွနလကို စစ်ကောင်စီ ရာဇသတ်ကြီး ဥပဒေပုဒ် မ ၅၀၅ (က)၊ မတ ရားအသင်းဆက်သွယ်မှု အက်ဥပ ဒေ ပုဒ်မ-၁၇ (၁)တို့ကိုလည်း ဖေဖော် ဝါရီလ ၂၈ ရက်က စွဲချက်တင်တရားစွဲဆိုထားတာပါ။

မတ်လ ၁၄ ရက်နေ့မှာ မြစ်ကြီးနားထောင်တွင်းတရား ရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့  ထပ်တိုးစွဲချက်တင်ခဲ့ခြင်း ဖြစ်တယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးခဲ့တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required