ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များ မီးလောင်ဆုံးရှုံး

ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များ မီးလောင်ဆုံးရှုံး
Photo- ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ကချင်ပြည်နယ်၊  ရွှေကူမြို့နယ်အတွင်းရှိ  တုံးကောက်ရွာနှင့် စီသောင်ရွာတို့အား  ယမန်နေ့ ဧပြီလ ၆ရက်တွင် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဗုံးကြဲပစ်ခတ်သဖြင့် လူနေအိမ်များစွာ မီးလောင်ပျက်စီးသွားကြောင်း  ဒေသခံများထံက သိရသည်။

ယမန်နေ့  ညနေ ၃  နာရီဝန်းကျင်တွင် တစ်ကြိမ်နှင့် ညနေ ၅ နာရီဝန်းကျင်တွင် နှစ်ကြိမ် စုစုပေါင်း သုံးကြိမ် စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်များဖြင့်  ဗုံးကြဲပစ်ခတ်သွားကြောင်း သိရသည်။

ယင်းကျေးရွာများအနီးတစ်ဝိုက်တွင် ကေအိုင်အေ တပ်ရင်း (၁၂)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟုလည်း သိရသည်။

မီးလောင်ဆုံးရှုံးသွားသည့် နေအိမ်အရေအတွက် အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်ဟု ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required