စစ်ကိုင်းမှ ဈေးဝယ်ပြန်လာသည့် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများအား ဒရုန်းဖြင့်တိုက်ခိုက်

By 007(မဇ္ဈိမ)
06 April 2023
စစ်ကိုင်းမှ ဈေးဝယ်ပြန်လာသည့် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများအား ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကိုင်းမြို့မှဈေးဝယ်ပြန်လာသော စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများကို ဒေသကာကွယ် ရေးပြောက်ကျားများက ဒရုန်းဖြင့်တိုက်ခိုက်ရာ စစ်သားနှစ်ဦးသေဆုံးကြောင်း စစ်ဆင်ရေးတွင်ပါဝင်ခဲ့ သည့်တပ်ဖွဲ့များထံမှ သတင်းရရှိသည်။

စစ်ကိုင်းမြို့ပေါ်တွင်ဈေးဝယ်ပြီး ကြွယ်ပုံကျေးရွာတပ်စခန်းသို့ပြန်လာသည့် အင်အား ၅၀ ခန့်ရှိ အဆိုပါ စစ်အုပ်စုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ဒရုန်းဖြင့်ဗုံးသီး ၁၀ လုံးချပြီး၊ ၄၀ မမဖြင့် တစ်ချက်ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်အုပ်စုဘက်က လက်နက်ငယ်များဖြင့်ပြန် ပစ်သလို ကြွယ်ပုံကျေးရွာတပ်စခန်းမှလည်း လက်နက်ကြီးပစ်ကူများပြုလုပ်ခဲ့ ကြောင်း၊ တိုက်ခိုက်မှုအတွင်း ပြောက်ကျားများအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး၊ စစ်အုပ်စုဘက်က ဆိုင် ကယ်များထားခဲ့ကာ ကိုယ်လွတ်ရုန်းထွက်ပြေးသွားကြောင်း စစ်ဆင်ရေးတွင်ပါဝင်ခဲ့သည့် တပ်ဖွဲ့များက ဆိုသည်။

တခြားအဖွဲ့တွေက မိုင်းဆွဲတာတွေလည်းရှိတယ်၊ တချို့တစ်ဝက်က မိုင်းဆွဲခံရပြီး လမ်းမှာကျန်ခဲ့တာ။ ဒရုန်းနဲ့ဗုံးကြဲတော့ ဆိုင်ကယ်လေးစီးကိုပစ်ထားခဲ့ပြီး ထွက်ပြေးသွားတယ်၊ နောက်တစ်နေ့ကျမှလာယူ တာ။ ဒရုန်းနဲ့ ၁၀ လုံးချတယ်၊ နှစ်လုံးကမကွဲဘူး၊ စစ်သားတွေကကြောက်တော့ အသွားတုန်းက မနက် အစောကြီးခိုးသွားတာ” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အင်တာနက်လိုင်း မကောင်းသဖြင့် ယခုမှသတင်းထုတ်ပြန်နိုင်ခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

အဆိုပါစစ်ဆင်ရေးကို Thunder Bird LDF ၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Phoenix SSG ၊ Fight For Federal ၊ စစ်ကိုင်းမြို့နယ်ပကဖ၊ စစ်ကိုင်းခရိုင်တပ်ရင်း(၇)တပ်ရင်း(၄)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်းလည်းသိရသည်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်အတွင်းရှိ ကြွယ်ပုံကျေးရွာသည်၊ စစ်ကောင်စီကလက်နက်တပ်ဆင်ပေး ထားသည့် ပျူစောထီးကြီးစိုးရာ ကျေးရွာတစ်ခုဖြစ်သည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် ၎င်းကျေးရွာတွင်အထိုင်ချပြီး စစ်ကိုင်းနှင့်မြင်းမူမြို့နယ်အတွင်း မှကျေးရွာများအား စစ်ကြောင်းထိုးဝင်ရောက်သောင်းကျန်းခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ ပြုလုပ်နေကြောင်း ဒေသတွင်းသတင်းများအရ သိရ သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly