ကရင်နီ စစ်ဘေးရှောင်တွေ စိတ်ကျန်းမာရေးချို့တဲ့ပြီး အကူအညီလိုအပ်နေ (ရုပ်/သံ)

ကရင်နီ စစ်ဘေးရှောင်တွေ စိတ်ကျန်းမာရေးချို့တဲ့ပြီး အကူအညီလိုအပ်နေ (ရုပ်/သံ)

မဇ္ဈိမ။ ။ ဖယ်ခုံမြို့အရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကစပြီး ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် ကရင်နီပြည်နယ်မှာ စစ်ရှောင် ဦးရေ ထောင်ချီတိုးလာပါတယ်။ ယခင်ရှိပြီးသား စစ်ဘေးရှောင်တွေဟာလည်း အချိန်ကြာလာတဲ့အမျှ စိတ်ကျန်းမာရေးချို့တဲ့ကာ အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေတဲ့ကွန်ရက်ကပြောပါတယ်။

စစ်အာဏာသိမ်းမှု နှစ်နှစ်ကျော်ကြာလာတဲ့အချိန် ကယားပြည်နယ်မှာ စစ်ဘေးရှောင်ဦး‌ေရ ၂၀၀,၀၀၀ နီးပါးထိ တိုးလာနေပါတယ်။ ပြန်စရာအိမ်မရှိတော့တာနဲ့ စစ်ကောင်စီတပ်ရဲ့လေယာဉ်နဲ့ဗုံးကြဲသံတွေဟာ စစ်ရှောင်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်တာဝန်ခံကဆိုပါတယ်။

- ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN
-စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly