တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော် မတီဝင်များမှ လောင်းလုံးမြို့နယ်အတွင်း ကျေးရွာသုံးရွာမှ ဈေးများသို့သွားရောက်၍ လူထုစည်းရုံးလှုံ့ ဆော်ရေးအသိပညာပေးပြီး ကြွေးကြော်သံများဖြင့် သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများ ထံမှ သိရသည်။
ဖက်ဒရယ်စနစ်၏ အခြေခံသဘောတရားများအား ပြည်သူလူထု သိရှိယုံကြည်လာစေရန် ရည်ရွယ်လုပ် ဆောင်ခဲ့ပြီး “ဖက်ဒရယ်စနစ်၏ အခြေခံသဘောတရား” လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် စစ် အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြောင်း သိရသည်။
စာတည်း။ ။စောဖေ