ပုသိမ်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ စစ်ကောင်စီတပ်သားများကို PSTF က ဗုံးခွဲ တိုက်ခိုက်

By မင်းထက် (မဇ္စျိမ)
05 April 2023
ပုသိမ်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ စစ်ကောင်စီတပ်သားများကို PSTF က ဗုံးခွဲ တိုက်ခိုက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ မဟာစေတီလမ်းပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ် ရှေ့တွင် ယနေ့ ဧပြီလ ၅ ရက် နံနက် ၇ နာရီခန့်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့(PSTF)က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့ စီးပွားရေးဘဏ်မှ စစ်ကောင်စီတပ်သားများအား အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု PSTF တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဲ့ဒီဘဏ်ရှေ့မှာ သဲအိတ်ဘန်ကာတွေ အထပ်ထပ်ကာထားတာဆိုတော့ ကျွန်တော်တို့အနေနဲ့ ကြိုးစား ပြီးတော့ တိုက်ခိုက်ခဲ့ပါတယ်။ စီစဥ်ထားတာက ဗုံးနှစ်လုံးဆိုပေမဲ့ ပေါက်ကွဲသံက တစ်သံပဲကြားလိုက်ရ တယ်။ ဘဏ်ရှေ့ဗုံးပေါက်ပြီး သိပ်မကြာခင်မှာပဲ ပုသိမ်မှာ နောက်ထပ်ဗုံးတစ်လုံး ထပ်ပေါက်တယ်လို့ ကြားတယ်။ ကျွန်တော်တို့ ဆင်ထားတဲ့ဗုံးနှစ်လုံး တပြိုင်တည်းပေါက်ကွဲတာလား၊ မပေါက်တဲ့ တစ်လုံးကို စစ်သားတွေက ဖြုတ်သိမ်းသွားပြီး လမ်းမှာပေါက်ကွဲတာလားဆိုတာတော့ မသိရသေးဘူး” ဟု ဆိုသည်။

အဆိုပါ ဘဏ်ရှေ့ပေါက်ကွဲမှုတွင် စစ်ကောင်စီတပ်သားများနှင့် ရဲများ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း၊ အနီးပတ်ဝန်းကျင်ရှိ အရပ်သားတစ်ဦး ဗုံးစထိမှန်ခဲ့ကြောင်း PSTF တာဝန်ရှိသူက ဆိုသည်။

“ဗုံးပေါက်ကွဲတဲ့အချိန်မှာ မြန်မာ့စီးပွားရေးဘဏ်ရှေ့ကို ဖြတ်မောင်းလာတဲ့ သုံးဘီးဆိုင်ကယ်မောင်းသူ တစ်ယောက် ဗုံးစထိမှန်ခဲ့တယ်လို့ကြားတယ်။ စုံစမ်းရသလောက် စိုးရိမ်ရတဲ့အခြေအနေမဟုတ်ဘူးလို့ သိ ရတယ်” ဟု ၎င်းကပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားခြောက်ဦးခန့်က သေနတ်ဖြင့် ချိန်ရွယ်ခြောက်လှန့် မှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

ယင်းအပြင် ဗုံးပေါက်ရာနေရာသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)မှ စစ်ကားသုံးစီးရောက်ရှိ လာကာ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်သည်ဟု ဆိုသည်။

“ဘဏ်ရှေ့ကလက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့လူတစ်ယောက် ဗုံးစမှန်တယ်လို့လည်း ကြားတယ်။ ဗုံး ပေါက်တဲ့အချိန် ဘဏ်ရှေ့ကိုဖြတ်မောင်းတဲ့ သုံးဘီးဆိုင်ကယ်သမား ဗုံးစမှန်သွားတယ်လို့လည်းကြား တယ်။ သေသေချာချာတော့ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ဗုံးစထိမှန်ခဲ့သည့်အခြေအနေအား မဇ္စျိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့(PSTF)သည် ယခု ၂၀၂၃ ခုနှစ်အတွင်း ကန်ကြီးထောင့်မြို့နှင့် ပုသိမ်မြို့တွင် ဗုံးဖောက်ခွဲရန်စီစဥ်မှု သုံးကြိမ်ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီတပ်သားများတွေ့ရှိခဲ့၍သော်လည်း ကောင်း၊ ချွတ်ယွင်းမှုဖြစ်ပွားခဲ့၍သော်လည်းကောင်း ပေါက်ကွဲခြင်းမရှိခဲ့ဘဲ ယခုအကြိမ်မှသာ ပေါက်ကွဲ ခြင်း ဖြစ်သည်ဟုသိရသည်။

၎င်းတို့အနေဖြင့် ပုသိမ်မြို့နယ်အတွင်း တိုက်ခိုက်ရေးလုပ်ငန်းများကိုကြိုးစားလုပ်ဆောင်နေပြီး ဗုံးဖောက် ခွဲရာတွင် ထိခိုက်မှုအားနည်းသည့်အတွက် ပြည်သူများကိုတောင်းပန်ကြောင်းနှင့် စစ်ကောင်စီတပ်ဂိတ် များ၊ ရဲတပ်ဖွဲ့ဂိတ်များကို အဓိကထားကာ ထပ်မံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း PSTF တာဝန်ရှိသူက ပြောသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required