ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်မှလက်နက်ကြီးဖြင့်ပစ်ခတ်၍ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ 

By YT  ( မဇ္ဈိမ)
03 April 2023
ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်မှလက်နက်ကြီးဖြင့်ပစ်ခတ်၍ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ 

KNU တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်ခရိုင်(မူတြော်ခရိုင်)တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက် ကြီးဖြင့်ပစ်ခတ်၍ တစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU မူတြော်သတင်းစဉ်မှ ယမန်နေ့က ထုတ်ပြန်ထားသည်။

ဧပြီလ ၁ ရက်နေ့ ည ၇ နာရီ ၁၃ မိနစ်တွင် မထောကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ် သော လက်နက်ကြီးကျည်နှစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် ဒွယ်လိုးမြို့နယ်၊ ထီးသဘလူထာကျေးရွာ အုပ်စု၊ ဖွေးထော်ရူကျေးရွာတွင် နေထိုင်သည့် အသက် ၇၂ နှစ်အရွယ်ရှိ နော်မဆွေသန်းသည် ဦးခေါင်း ကြေမွဒဏ်ရာဖြင့် နေရာ၌ပင် သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့ပြင် အဆိုပါ လက်နက်ကြီးကျည်များထိမှန်၍ ဖွေးထော်ရူကျေးရွာမှ စောသန်းဝင်း၊ နော်မူဆာနော၊ အသက် ၅ နှစ်အရွယ်ရှိ စောဖလယ်စေးနှင့် အသက်နှစ်လအရွယ်ရှိ နော်ဟဲညောဖိုး၏ ခန္ဓာကိုယ်အနှံ့တွင် ကျည်စထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း မူတြော်ခရိုင်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။
 
“၂၀၂၃ ခုနှစ်အစောပိုင်းမှစတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်များက အပြစ်မဲ့ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်အား အကြောက်တရားဖြင့်ခြိမ်းခြောက်ကာ တမင်ရည်ရွယ် သတ်ဖြတ်မီးတင်ရှို့လျက် ရှိနေကြောင်း” ဟု မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNU မူတြော်ခရိုင်မှ ထုတ်ပြန်ခဲ့သော စစ်တမ်းများအရ မတ်လအတွင်းက မူတြော်ခရိုင်တွင် စစ်ကောင်စီ တပ်ဖွဲ့၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးနှစ်ဦး၊ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly