"တပ်မ (၉၉) စစ်ကြောင်းဟာ လူသတ်ဖို့အတွက် သီးသန့် မွေးထုတ်ထားတဲ့ တပ်တစ်ခုလို့ပဲ ပြောရမှာပါ"(ရုပ်/သံ) 

By KMN မဇ္ဈိမ
01 April 2023
"တပ်မ (၉၉) စစ်ကြောင်းဟာ လူသတ်ဖို့အတွက် သီးသန့် မွေးထုတ်ထားတဲ့ တပ်တစ်ခုလို့ပဲ ပြောရမှာပါ"(ရုပ်/သံ) 

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲကို မတ်လ ၂၉ ရက်နေ့ကစပြီး ဘီလူးစစ်ကြောင်းလို့ ဒေသခံတွေနာမည်ပေးထားတဲ့ စစ်ကောင်စီရဲ့ တပ်မ (၉၉) လက်အောက်ခံ စစ်ကြောင်းဟာ ဒုတိယအကြိမ် ဝင်ရောက်နေပါတယ်။ 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာအနီးမှာရှိတဲ့ စစ်ကိုင်းခရိုင်၊အမှတ် (၁) တပ်ရင်း PDF စခန်းကို တပ်မ (၉၉) လက်အောင်ခံ ဘီလူးစစ်ကြောင်းက မတ်လ ၃၀ ရက်နေ့ မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ 

စစ်ကောင်စီရဲ့ တပ်မ (၉၉) လက်အောက်ခံစစ်ကြောင်းမှာ အင်အား ၈၀ ဝန်းကျင်ခန့်ပါဝင်ပြီး ကျေးရွာသားနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးသတ်ဖြတ်တာ အမျိုးသမီးတွေကို အဓမ္မပြုကျင့် သတ်ဖြတ်တာတွေ ပြုလုပ်နေတာတွေ့ရတယ်လို့ ဒေသခံကာကွယ်ရေးတပ်တစ်ချို့က ပြောပါတယ်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required