မတူပီမြို့နယ်က စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး လိုအပ်နေ (ဆက်သွယ်မေးမြန်းချက်) 

By Kim Mung မဇ္ဈိမ
01 April 2023
မတူပီမြို့နယ်က စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး လိုအပ်နေ (ဆက်သွယ်မေးမြန်းချက်) 

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ကလေးငယ်များ၊ အမျိုးသမီးများနှင့်  မြေပြင်တိုက်ပွဲဝင်နေသော ရဲဘော်များမှာ စားနပ်ရိက္ခာအပြင် ဆေးဝါးကုသရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု Global Matu Supporting Committee (GMSC) ဥက္ကဋ္ဌကပြောသည်။ 

လိုအပ်သော ဆေးဝါးများ၊ စားနပ်ရိက္ခာများ၊ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးနိုင်ရန် Global Matu Supporting Committee (GMSC) အနေဖြင့် Honda Accord 2023 ကားတစ်စီး ကံစမ်းမဲဖောက်ရောင်းချသည်ဖြစ်ရာ ၈၀ရာခိုင်နှုန်းရောင်းရပြီး ကျန်ရှိနေသော မဲလက်မှတ်များအား ဝယ်ယူလှူဒါန်းပေးကြရန် ဦးတင်အောင်က မေတ္တာရပ်ခံထားသည်။ 

အဆိုပါအကြောင်းအရာများနှင့်ပတ်သက်၍ မတူပီမြို့နယ်ရှိ PDF ရဲဘော်များ၊ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပို့ပေးနေသော Global Matu Supporting Committee (GMSC) အဖွဲ့၏ ဥက္ကဋ္ဌ ဦးတင်အောင်ကို ဆက်သွယ်မေးမြန်းထားသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly